Main menu

Background

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတို့က ပြည်တွင်းစီးပွားရေး လုပ်ငန်းများထက် သာလွန်

Mon, 11/19/2012 - 07:57 -- Anonymous (not verified)

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)  စီးပွားရေးလုပ်ငန်းအတော်များ များက ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ဆောင် ရွက်နေပြီး ဗီယက်နမ်နိုင်ငံ၏ ပို့ကုန် ကဏ္ဍအတော်များများတွင်ပြည်တွင်း စီး ပွားရေးလုပ်ငန်းတွေထက် သာလွန်နေ ကြောင်းဗီယက်နမ်သတင်းတစ်ခုတွင်ဖော် ပြထားတာကိုတွေ့ရပါတယ်။ ဂျပန်နိုင်ငံ ကအပြည့်အဝရင်းနှီးမြှုပ်နှံထားတဲ့ Sai Gon Precision  ကုမ္ပဏီက စက်ရုံသစ် တစ်ရုံတည်ဆောက်ရန်အတွက် အမေ ရိကန်ဒေါ်လာ ၂၅ သန်းထပ်မံရင်းနှီး မြှုပ်နှံပြီးအမှာစာသစ်တွေဖြည့်ဆည်းနိုင် ဖို့အတွက်လုပ်သားများပိုမိုခန့်ထားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ တောင်ကို ရီးယားကုမ္ပဏီ  Nonland Viet Nam  ကုမ္ပဏီက ဒေါ်လာ ၁၇ သန်းထပ်မံ ရင်းနှီးမြှုပ်နှံပြီး ဟိုချီမင်းစီးတီမှာရှိတဲ့ Thoi Hiep  စက်မှုဇုန်မှာရှိတဲ့ စက်ရုံကို ကုဗမီတာ ၁၁၀၀၀ ထပ်မံ တိုးချဲ့ပြီးအ ထည်ချုပ်စက်ရုံတည်ဆောက်ဖို့စီစဉ်နေ ပါတယ်။

ဗီယက်နမ်နိုင်ငံက တခြားအိမ်နီး ချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်ပိုမိုပြီးအခွင့် သာတဲ့အတွက်လုပ်ငန်းတွေချဲ့ထွင်တာ ဖြစ်ကြောင်း ကုမ္ပဏီအရာရှိတစ်ဦးဖြစ် တဲ့လီဟိုယန်းကပြောပါတယ်။ ဗီယက်နမ် တောင်ပိုင်း ဒေါင်နန်း ပြည်နယ်ကတရုတ်အထည်အလိပ်စက်ရုံ Texhong  က စက်ရုံကုန်ထုတ်လုပ်မှု စွမ်းရည်ကိုတန်၃၀၀၀၀ ကနေ တန်တစ် သိန်းခွဲအထိထုတ်လုပ်ဖို့ စီစဉ်ဆောင် ရွက်လျက်ရှိပြီး အရင်းအနှီးကိုလည်း ဒေါ်လာ သန်း ၈၀ မှ သန်း ၁၅၀ အ ထိတိုးမြှင့်ထားပါတယ်။ တရုတ် (တိုင် ပေ)အထည်အလိပ် လုပ်ငန်းဖော်မိုဆာက ရင်းနှီးငွေကိုယခင်လက သန်း ၃၀ အ ထိတိုးမြှင့်ထားပါတယ်။ FDI အရ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကနိုင်ငံ စုစုပေါင်းအထည်ချုပ်လုပ်ငန်း၊ ပို့ကုန် တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်းကိုဆောင်ရွက် ပေးနေကြောင်းနဲ့ယခင်နှစ်အတွင်း စုစု ပေါင်းတန်ဖိုးဒေါ်လာ ၁၂ ဘီလီယံဖိုး တင်ပို့ခဲ့ဖြစ်ပြီးဖြစ်ကြောင်း ဗီယက်နမ် အထည်အလိပ်လုပ်ငန်းအသင်း ဒုတိယ ဥက္ကဌ ဒန်သီဖေါင်ဇွန်း က ပြောပါ တယ်။ FDI နဲ့ဆောင်ရွက်နေတဲ့ စီးပွား ရေးလုပ်ငန်းတွေကထုတ်လုပ်မှုတွေတိုး ချဲ့ဆောင်ရွက်လျက်ရှိရာ ထိုလုပ်ငန်းများ ထဲတွင် ဖိနပ်၊ အဝတ်အထည်နဲ့ အီ လက်ထရွန်းနစ် ထုတ်ကုန်တွေ ပါဝင် ကြောင်း၊ ဟိုချီမင်းစီးတီပို့ကုန်ထုတ်လုပ် ရေးနဲ့ စက်မှုဇုန် အာဏာပိုင်အဖွဲ့မှ ဒုတိယဦးစီးမှူး ငုယင်တန်ဖေါင်းကပြော ပါတယ်။