Main menu

Background

မလေးရှားရှိ တရုတ်လူမျိုးများမှတစ်ဆင့် တရုတ်ဈေးကွက်ကို ထိုးဖောက်ဖို့ မလေးရှား ဒုတိယဝန်ကြီးချုပ် တိုက်တွန်း

Mon, 11/19/2012 - 08:00 -- Anonymous (not verified)

တရုတ်ရဲ့ ကြီးမားတဲ့ဈေးကွက်ကို ထိုးဖောက်ဖို့အတွက်မလေးရှားရှိတရုတ် လူမျိုးတွေဆီကရနိုင်မယ့် အခွင့်အလမ်း တွေကို ရယူဆောင်ရွက်ဖို့ မလေးရှား ရင်းနှီးမြှုပ်နှံသူတွေကို မလေးရှားဒုတိယ ဝန်ကြီးချုပ်တန်ဆရီမူယီဒင် ယာဆင်က တိုက်တွန်းပါတယ်။

"မလေးရှားနိုင်ငံရဲ့ခွန်အားက နိုင်ငံ တွင်းမှာရှိတဲ့ကွဲပြားခြားနားမှုအခြေအနေ အမျိုးမျိုးအပေါ်မှာ မူတည်နေပါတယ်။ လူမျိုးစုအမျိုးမျိုးနဲ့ဘာသာရေးအမျိုး မျိုးကွဲပြားတဲ့နိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံမှာရှိတဲ့အခွင့်အလမ်းအတော် များ များကိုမလေးရှားစီးပွားရေးအသိုက်အ ဝန်းကရယူနိုင်တယ်" လို့ စတုတ္ထအကြိမ် မြောက်ကမ္ဘာ့တရုတ်စီးပွားရေးဖိုရမ်မှာ နိုဝင်ဘာ ၁၂ ရက်က မူယီဒင်ကပြော ပါတယ်။ မလေးရှားလူဦးရေရဲ့ ၂၄ ရာခိုင် နှုန်းသို့မဟုတ် မလေးရှားနိုင်ငံသားခုနှစ် သန်းကတရုတ်လူမျိုးတွေဖြစ်ကြောင်းနဲ့ မူကြိုကနေတက္ကသိုလ်အထိ မင်ဒရင် တရုတ်ပညာရေးစနစ်ကိုသင်ကြားပေး တဲ့နိုင်ငံက တရုတ်နိုင်ငံပြင်ပမှာ မလေး ရှားတစ်နိုင်ငံတည်းသာရှိကြောင်းသူက ပြောပါတယ်။ ထိုမျှမက တရုတ်လူမျိုး မဟုတ်ဘဲ မင်ဒရင်ကျောင်းတွေမှာ ပညာသင်ယူနေသူတွေအ များကြီးရှိ ကြောင်းသူကပြောပါတယ်။ ဒီလိုဖြစ်တဲ့အတွက် တစ်ဦးနဲ့ တစ်ဦးပေါင်းစည်းမှုနဲ့ နားလည်မှုကိုရ နိုင်တဲ့အပြင် တရုတ် အသိုက်အဝန်း များစွာရှိနေတဲ့အတွက် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ စီးပွားရေးအဆက် အသွယ်တွေကျယ်ကျယ်ပြန့်ပြန့်ရနိုင် တယ်လို့ သူကပြောပါတယ်။ ဒီအခြေ အနေ ပင်လယ်ရပ်ခြားမှာရှိနေတဲ့ တ ရုတ်လူမျိုးသန်း ၅၀ နဲ့ တရုတ်နိုင်ငံ အတွင်းရှိ တရုတ်လူဦးရေ ၁ ဒသမ ၃ ဘီလီယံကို ဆက်သွယ်မှု ရရှိအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။ မလေးရှားစီးပွားရေးအ သိုက်အဝန်းက ဆက်သွယ်ဆောင်ရွက် ခြင်းမရှိတဲ့တရုတ်ပြည်ပ ကုန်းတွင်းဒေသ တွေမှာ စူးစမ်းလေ့လာမှုတွေပြုလုပ်ပြီး မလေးရှားစီးပွားရေး အသိုက်အဝန်းကို အထူးသဖြင့်ခရီးသွားလုပ်ငန်းတွေမှာတိုး မြှင့်ဆောင်ရွက်သွားဖို့သူကပြောပါတယ်။