Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 11/19/2012 - 08:04 -- Anonymous (not verified)

 
အမေရိကန်ပြည်ထောင်စုနဲ့ ဂရိ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဘတ်ဂျက်လိုငွေ က ကမ္ဘာ့စီးပွားရေးနာလန် ထူတာကို နှောင့်နှေးစေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှု ကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ပိုစွန့်စား ရတဲ့ အက်ဆက်တွေမှာ ရင်းနှီးထားတဲ့ ငွေတွေကို ပြန်သိမ်းလာတာကို တွေ့ရ ပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေ က ယခုရက်သတ္တပတ်အတွင်းမှာ ကျ ဆင်းခဲ့တာကို တွေ့ရပါတယ်။

 
ပြည်ပမှာ နေထိုင်ကြတဲ့ ဖိလစ်ပိုင် လူမျိုးတွေကငွေလွှဲတာနည်းလာတဲ့အတွက် ဖိလစ်ပိုင်ငွေကြေးက ဦးဆောင်ပြီး အာရှ ငွေကြေးတွေတန်ဖိုးတစ်ဟုန်ထိုး ကျဆင်း ခဲ့ပါတယ်။ နှစ်လအတွင်း အနိမ့်ဆုံးနှုန်းနဲ့ ကျဆင်းခဲ့တာဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားက ဒီမိုကရက်နဲ့ ရီ ပတ်ပလီကင်ခေါင်းဆောင်တွေ နှစ်ဖက် စလုံးနဲ့တွေ့ဆုံပြီး ဘဏ္ဍာရေး ချောက် ကမ်းပါးလို့ တင်စားနေတဲ့ အခွန်ကိစ္စ ကိုရှင်းဖို့ စီစဉ်နေပါတယ်။ ဒီအစီအစဉ် အရ သုံးစွဲငွေဒေါ်လာ ဘီလီ ၆၀၀ ကို အလိုအလျောက် ရပ်ဆိုင်းပေးမှာဖြစ် ပြီး အခွန်အကောက်တွေကိုလည်း တိုးမြှင့် ပေးမှာဖြစ်ပါတယ်။ ယူရိုနယ်မြေမှာ ရှိတဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေကလည်း ဂရိ နိုင်ငံကို ကူညီဖို့အတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ယခု ရက်သတ္တပတ် အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက အင်ဒို နီးရှား၊ တရုတ် (တိုင်ပေ) နဲ့ ထိုင်းနိုင်ငံ တွေမှာရှိတဲ့ ပြည်တွင်းစတော့တွေက နေ အဝယ်ထက်အရောင်းက ပိုမိုခဲ့တာ ကို ငွေကြေးဒိုင်တွေကရတဲ့ သတင်း တွေအရ သိရပါတယ်။ ထွန်းသစ်စဈေး ကွက်တွေထဲကို ငွေကြေးစီးဝင်မှုက ယခင်နှစ်လက တစ်ပတ်ကို ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ နိုဝင်ဘာ ၁၄ ရက် မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ ဒေါ်လာ ၆၆၅ သန်းသာရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုမှ သုတေသ နလုပ်ငန်း EPFR Global  ရဲ့ စာရင်း ဇယားများကိုကိုးကားပြီး မော်ဂန်စတန် လေရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တရုတ်ယွမ် တရုတ်ယွမ်ငွေတန်ဖိုးက ယခုရက် သတ္တပတ်အတွင်းမှာ သုည ဒသမ ၁၉ ရာ ခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၂၃၃၄ ယွမ်နှုန်းရှိခဲ့ပါတယ်။ တစ်လအတွင်းမှာ အမြင့်ဆုံးနှုန်းဖြစ်ပါ တယ်။ ယွမ်ငွေကြေးရဲ့တန်ဖိုးက နိုဝင်ဘာ ၁၄ ရက်နေ့က တစ်ဒေါ်လာ ကို ၆ ဒသမ ၂၂၅၂ ယွမ်နှုန်းဖြစ်ခဲ့ရာ ၁၉ နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်သလို အောက်တိုဘာ ၃၀ ရက်ကစပြီး သတ် မှတ်ခဲ့တဲ့နှုန်းဖြစ်တဲ့ ၁ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပါတယ်။ "တရုတ်နိုင်ငံရဲ့ စီးပွားရေးကို တွန်း အားပေးတဲ့ နည်းလမ်းတစ်ရပ်အနေနဲ့ တရုတ်နိုင်ငံက ငွေအရင်းအနှီးစီးဝင် တာကို ခွင့်ပြုထားပါတယ်။ ဒါကြောင့် ယွမ်တန်ဖိုးက ခိုင်မာတဲ့ အနေအထား မှာရှိနေပါတယ်" လို့ ဟောင်ကောင်ရှိ  Glory Sky Global Market Ltd  ရဲ့ ဒုတိယဥက္ကဌဒန်နီယယ်ချန်ကပြောပါ တယ်။
အိန္ဒိယရူပီး သွင်းကုန်  လုပ်ငန်းရှင်များရဲ့ အမေရိကန်ဒေါ်လာဝယ်လိုအားမြင့် တက်လာတဲ့အတွက် ဘဏ်အချင်း ချင်း နိုင်ငံခြားငွေရောင်းဝယ်ရေးဈေး ကွက်မှာ နိုဝင်ဘာ ၁၆ ရက်က သုည ဒသမ ၂၆ ရူပီးနှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၅၄ ဒသမ ၉၆ ရူပီးနှုန်းရှိခဲ့ ပါတယ်။ အိန္ဒိယနိုင်ငံပြင် ပရှိ ဈေးကွက် တွေမှာလည်း ဒေါ်လာနဲ့ဖလှယ်ရာမှာ တခြားငွေဈေးေ တွ ဈေးနှုန်းကျဆင်း နေတာကလည်း ရူပီးငွေတန်ဖိုးကို အကျိုးသက်ရောက်မှုရှိစေခဲ့ကြောင်း နိုင်ငံခြားငွေဝယ်ရောင်းသမားတွေက ပြောပါတယ်။ ဒါပေမယ့် ပြည်တွင်းဈေးကွက် မှာ ရှယ်ယာဈေးတွေမြင့်တက်တဲ့ အတွက် ရူပီးတန်ဖိုးအကျသက်သာခဲ့ ပါတယ်။
ဂျပန်ယန်း ဂျပန်နိုင်ငံမှာရွေးကောက်ပွဲပြန် လည်ကျင်းပရင် အနိုင်ရမယ်လို့တစ် ပေးခံရသူက ငွေကြေးမူဝါဒကိုလျှော့ ချပေးဖို့ ဗဟိုဘဏ်ကိုဖိအားပေးမယ် လို့ ပြောကြားခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၁၅ ရက်က အဓိက ငွေကြေးတွေနဲ့ ဖလှယ် ရာမှာ ယန်းငွေတန်ဖိုး ကျဆင်းခဲ့ပါ တယ်။ တတိယသုံးလပတ် မှာ ယူရိုဇုန် နိုင်ငံတွေ စီးပွားဆုတ်ကပ် ဖြစ်မယ်လို့ အများစုက ခန့်မှန်းကြတဲ့အတွက် ယူရို တန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ယူရိုငွေကြေးတန်ဖိုး က နိုဝင်ဘာ ၁၄ ရက်မှာ တစ်ယူရို ၁ ဒသမ ၂၇၃၄ ဒေါ်လာနှုန်းရှိခဲ့ရာမှ နိုဝင်ဘာ ၁၅ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီ မှာ တစ်ယူရိုကို ၁ဒသမ ၂၇၇၈ဒေါ်လာ နှုန်း ရှိခဲ့ပါတယ်။ ဂျပန် ယန်းငွေတန်ဖိုးက ယူရိုနဲ့ ဖလှယ်ရာမှာ နိုဝင်ဘာ ၁၄ ရက်က တစ်ယူရို ၁၀၂ ဒသမ ၁၉ ယန်းကနေ ၁၅ ရက်မှာ ၁၀၃ ဒသမ ၆၉ ယန်းနှုန်း  ရှိခဲ့ပါတယ်။ ဒေါ်လာနဲ့ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၈၀ ဒသမ ၂၃ ယန်းမှ ၈၁ ဒသမ ၁၆ ယန်းနှုန်းဖြစ်ခဲ့ပါတယ်။
မလေးရှားရင်းဂစ် ပြည်တွင်းငွေကြေးကို စီးပွားဖြစ် ဝယ်လိုအား ကျဆင်းခဲ့တဲ့အတွက် နိုဝင်ဘာ ၁၆ ရက်မှာ ရင်းဂစ်ငွေကြေး က ဒေါ်လာနဲ့ဖလှယ်ရာမှာ တန်ဖိုးကျ ဆင်းခဲ့ပါတယ်။ နိုဝင်ဘာ ၁၄ ရက် ဈေးပိတ်ချိန်က တစ်ဒေါ်လာကို ၃ ဒသမ ၀၆၂၅ ရင်းဂစ်နှုန်းရှိခဲ့တဲ့ ရင်းဂစ် တန်ဖိုးက နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီ ၃၈ မိနစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၆၆၅ ရင်းဂစ်နှုန်းဖြစ်ခဲ့ပါ တယ်။ နိုဝင်ဘာ၁၅ရက်ကမလေးရှားဈေး ကွက် တွေအတွက်ပွဲတော်ပိတ် ရက်ဖြစ်ပါတယ်။
တောင်ကိုရီးယားဝမ် ဒေါ်လာနဲ့ဖလှယ်ရာမှာ ဒေါ်လာ တန်ဖိုးက နိုဝင်ဘာ ၁၄ ရက်မှာ တစ် ဒေါ်လာ ၁၀၈၄ ဒသမ ၉ ဝမ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ ဒီနှုန်းက တစ်နှစ်နဲ့  နှစ်လအတွင်းမှာ အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါ တယ်။ နိုဝင်ဘာ ၁၄ ရက်က ဝမ်ငွေ ကြေးတန်ဖိုးက တစ်ဒေါ်လာကို ၁၀၈၅ ဒသမ ၄ ဝမ်နှုန်းကနေ ထပ်မံကျဆင်းခဲ့ ပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၁၄ ရက် ကစပြီး တောင်ကိုရီးယားပို့ကုန်သမား တွေက ဒေါ်လာတွေကို ဆက်လက် ရောင်းချလာတဲ့အတွက် ဝမ်တန်ဖိုးပြန် တက်လာခဲ့ပါတယ်။
ထိုင်းဘတ် အိုဘားမားသမ္မတဒုတိယသက် တမ်းအတွက် အနိုင်ရလိုက်ပြီးနောက် ပိုင်း အမေရိကန်သမ္မတဘားရက်အို ဘားမားရဲ့ မူဝါဒက အမေရိကန် ဒေါ်လာတန်ဖိုးကျဆင်းမဲ့ အလား အလာရှိတဲ့အတွက် အာရှဒေသမှာရှိ တဲ့ ငွေကြေးတွေ တန်ဖိုးတက်မဲ့လက္ခဏာ ရှိတယ်။ ဒီအထဲမှာ ဘတ်ငွေလဲပါတယ် လို့ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ ရေးဝန်ကြီးကစ်တီရတ်နာရာနောင်းက နိုဝင်ဘာ ၁၆ ရက်က ပြောပါတယ်။ ဒါပေမယ့် ထိုင်းစီးပွားရေးလုပ်ငန်း တွေရဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်မြင့်တက် ဖို့ ဘတ်ငွေတန်ဖိုးမြင့်တက်မှုမရှိအောင် ထိုင်းဗဟိုဘဏ်က ဆောင်ရွက်လာဖွယ် ရာရှိပါတယ်။ ဘတ်ငွေတန်ဖိုး က နိုဝင် ဘာ ၁၆ ရက်မှာ သုည ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၄ ဘတ်နှုန်းရှိခဲ့ပါတယ်။Source.bloomberg, pti, AFP, bernama, chosun, pattayamail.