Main menu

Background

ဖွံ့ဖြိုးမှုနှေးကွေးပေမဲ့ စင်ကာပူဘဏ်တို့ ကြံ့ခိုင်မှုရှိလာ

Mon, 11/19/2012 - 08:07 -- Anonymous (not verified)

ဖွံ့ဖြိုးမှုနှုန်းနှေးကွေးပြီး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ တွေ့ကြုံနေရပေမဲ့ စင်ကာပူပြည်တွင်းဘဏ်သုံးခုက တတိယသုံးလပတ်မှာမျှော်မှန်းထားတာထက် ကျော်လွန်ပြီးအကျိုးအမြတ်တွေ ရရှိလာခဲ့ပါတယ်။ ပြည်တွင်းပြည်ပ စီးပွား ရေးတွေကြံ့ခိုင်မှုရှိလာပြီဆိုတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ DBS Group Holdings OCBC  Bank နဲ့ United Overseas Bank တို့ကဒေသတွင်း လုပ်ငန်းချဲ့ထွင်မှုကြောင့်အကျိုးအမြတ်တွေရရှိခဲ့ပါတယ်။ ထို့ပြင် တစ်စစ တိုးပွား လာတဲ့လူလတ်တန်းစားတွေကို သာမက အစဉ်အလာအားဖြင့် အပြည်ပြည် ဆိုင်ရာဘဏ်တွေ ရဲ့ ဖေါက်သည်တွေဖြစ်တဲ့ လူချမ်းသာတွေကိုပါရင်းနှီး မြှုပ်နှံမှု ဆိုင်ရာစာချုပ်စာတမ်းတွေ ရောင်းချမှုတွေကို တိုးတက်ဆောင်ရွက် နိုင်ခဲ့ပါတယ်။

ကုန်ကျစရိတ်ကိုလျှော့ချပြီး အကျိုးအမြတ်တွေကိုမြှင့်တင်ပေးနိုင်ဖို့ အတွက်အပြည်ပြည်ဆိုင်ရာဘဏ်တွေက ဝန်ထမ်းတွေကိုလျှော့ချနေချိန်မှာ ဒီဘဏ်သုံးခုက ဝန်ထမ်းတွေကို တိုးချဲ့ ခန့်အပ်လျက်ရှိပါတယ်။ စင်ကာပူမှာ အိမ်ခြံမြေချေးငွေ တွေမြင့်တက်လာမှုနဲ့ အခြားဆောင် ရွက်ခ ဝင်ငွေတွေမြင့်တက်လာမှုတို့ကြောင့် DBS  ဘဏ်ရဲ့ တတိယသုံးလ ပတ်ဝင်ငွေ က သုံးလပတ်အလိုက်နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ယခင် နှစ်ကနဲ့နှိုင်း ယှဉ်ရင် ၁၂ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ OCBC ဘဏ်ရဲ့ ဝင်ငွေကသုံးလ ပတ်အလိုက် ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီးနှစ်အလိုက်နှိုင်းယှဉ်ရင် ၄၁ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ UOB  ဘဏ်တစ်ခုတည်းသာ ရက်သတ္တပတ်အလိုက်အသား တင်အမြတ်ကို နှိုင်းယှဉ်ရင် သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆောင်ရွက်ခနဲ့ ကုန်သွယ်မှုတွေကနေ အကျိုးအမြတ်ရရှိတဲ့အတွက် နှစ်အလိုက်နှိုင်း ယှဉ်ရင် ၃၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ဘဏ်တွေကိန်းဂဏန်းတွေမြင့် တက်ရတာက ကုန်သွယ်မှုကရငွေတွေ အတက်အကျမတည်ငြိမ်လို့သာဖြစ်ပြီး အဓိကလုပ်ငန်းဖြစ်တဲ့ငွေထုတ်ချေးရတဲ့ လုပ်ငန်းက စိတ်လှုပ်ရှားစရာမကောင်းပါဘူးလို့ လေ့လာဆန်းစစ်သူတွေ ကပြော ပါတယ်။                                      Source.asiaone.com