Main menu

Background

ယွမ်ငွေကြေးကို အသုံးပြုသော နိုင်ငံခြားကုမ္ပဏီပိုများလာ

Mon, 11/19/2012 - 08:08 -- Anonymous (not verified)

တရုတ်ကုန်သည်တွေအတွက် ယွမ်နဲ့ငွေပေးချေဖို့ ခွင့်ပြုတဲ့နည်းဥပ ဒေတွေဒီနှစ်ထဲမှာ ထုတ်ပြန်ပြီးတဲ့ နောက် သူတို့စိတ်ကြိုက်ငွေကြေးအ ဖြစ်ယွမ်ငွေကြေးကိုအသုံးပြုတဲ့နိုင်ငံခြား  ကုမ္ပဏီအရေအတွက်ကပိုမိုများပြား လာတာတွေ့ရကြောင်းနဲ့ ယွမ်ငွေကြေး နဲ့ပေးချေတဲ့ပြင်သစ်ကုမ္ပဏီအရေအတွက် ကယခင်သုံးလပတ် နဲ့နှိုင်းယှဉ်ရင်ဒုတိယ သုံးလပတ်မှာ ၃၀ ရာခိုင်နှုန်းတိုးတက် လာကြောင်းasiaone  မှာဖော်ပြထား ပါတယ်။

သြစတြေးလျကုမ္ပဏီတွေက လည်းအလားတူလိုက်လံဆောင်ရွက်ခဲ့ ရာအလားတူကာလအတွင်း တိုးတက်မှု ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း ကမ္ဘာ့ ငွေချေးကုမ္ပဏီ Western Union  က ပြောပါတယ်။ နိုင်ငံခြားကုန် သွယ်မှုမှာ ယွမ်ငွေပေးချေဖို့အတွက် တရုတ်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ကို မတ်လအတွင်းကစပြီးတရုတ်ဗဟို ဘဏ်ကခွင့်ပြုခဲ့ပါတယ်။ " အလွန်တိုတောင်းတဲ့ကာလအ တွင်းမှာပဲ တရုတ်နိုင်ငံကိုယွမ်ငွေနဲ့ပေး ချေတဲ့ကုမ္ပဏီတွေရဲ့အရေအတွက်တိုး လာသလိုငွေပေးချေတဲ့တန်ဖိုးလည်း မြင့်တက်လာပါတယ်" လို့ Western Union Business Solution    မှ ဒေ သဆိုင်ရာ ဘဏ္ဍာရေး ဒါရိုက်တာ Gareth Heald  ကပြောပါတယ်။ ယွမ်ငွေနဲ့ ငွေစာရင်း ဖွင့်ရာမှာ တက္ကသိုလ်တွေ ဥပဒေ လုပ်ငန်းတွေနဲ့ ပင်စင်ရန်ပုံငွေစတဲ့ ဗြိတိသျှ အဖွဲ့အ စည်းတွေ တစ်ဟုန်းထိုး မြင့်တက်လာ ကြောင်း Western Union   ကပြောပါ တယ်။ တရုတ်နိုင်ငံက နယ်နိမိတ်ဖြတ် ကျော်ပြီးယွမ်ငွေကြေးနဲ့ ငွေပေးချေ တာကို ၂၀၀၉ ခုနှစ်ဇူလိုင်ကစပြီး စမ်း သပ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစီအစဉ် ကိုနောက်ပိုင်းမှာ ပြည်တွင်း ကုမ္ပဏီ ၆၀၀၀ အထိ တိုးချဲ့ ဆောင်ရွက်ခဲ့ပါ တယ်။ မတ်လမှာ ထုတ်ပြန်ခဲ့တဲ့ စည်း မျဉ်းဥပဒေမှာ ယွမ်ငွေနဲ့တန်ဖိုးသတ် မှတ်ခြင်း၊ ကုန်အမှာစာပေးပို့ခြင်းနှင့် ငွေစာရင်းရှင်းခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ကုမ္ပဏီအားလုံးကိုခွင့် ပြုခဲ့ပါတယ်။ ယွမ်ငွေကြေးကိုအသုံးပြုတဲ့အ တွက် နိုင်ငံခြားကုမ္ပဏီတွေကနိုင်ငံခြား ငွေဖလှယ်ရတဲ့ အန္တရာယ်ကိုရှောင်ရှား နိုင်ပြီးကုန်ကျစရိတ်ကိုလျှော့ချနိုင်ပါ တယ်။ တရုတ်ကုမ္ပဏီတွေနဲ့ညှိနှိုင်းဆွေး နွေးရာမှာလည်းလွယ်ကူမှုရှိစေပါတယ်။ ၂၀၁၁ ခုနှစ်က Western Union  တရုတ်ကုမ္ပဏီ၁၀၀၀ကိုစစ်တမ်းကောက် ယူခဲ့ရာ ကုမ္ပဏီသုံးပုံတစ်ပုံက ယွမ်ငွေနဲ့ ပေးချေရတာကိုပိုမိုသဘောကျကြောင်း ပြောကြားခဲ့ပါတယ်။သဘော ကျရတဲ့ အကြောင်းအရင်းက အဆင်ပြေချော မွေ့တာရယ်။ နိုင်ငံခြားငွေ အတက် အကျ ဖြစ်တာကိုရှောင်လွှဲနိုင်တာရယ် တို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။Source.business.asiaone.com