ကမ္ဘာ့ဆန်ဈေးကွက်အတွင်း အရောင်းအဝယ်ငြိမ်သက်နေသဖြင့် ဈေးနှုန်းများလည်း တည်ငြိမ်နေ
နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘာ့ဆန်ဈေးကွက်မှာ ဗီယက်နမ်ဆန်ပြည်ပတင်ပို့တဲ့ ဈေးနှုန်းများက တစ်တန် ကို ၅ ဒေါ်လာစီဈေးကျလာတယ်။ ပြည်ပတင်ပို့တဲ့ ဈေးနှုန်းတွေ ကျဆင်းနေပေမဲ့လည်း ပြည်တွင်းစပါးေ ဈးနှုန်း တွေမြင့်မားနေ တယ်လို့ သိရတယ်။ ပြည်ပမှ ဝယ်လိုအားအနေနဲ့ အင်ဒိုနီးရှားတစ်နိုင်ငံသာရှိရာ FOB နှုန်းတွေ ကျဆင်းနေသော်လည်း တရုတ်နဲ့ ကမ္ဘောဒီးယားသို့ တရားမဝင်ဆန်တင်ပို့မှုတွေရှိနေခြင်း ဟာ ပြည်တွင်းဈေးကွက် အတွင်း ဆန်ရောင်းလိုအားကို အကျပ်အတည်းဖြစ်စေတဲ့အတွက် ပြည်တွင်းဆန်ဈေးနှုန်းေ တွ မြင့်မားလာတာ ဖြစ် တယ်။
ထိုင်းဆန်နဲ့ ပါကစ္စတန်ဆန်ဈေးနှုန်းတွေ ပြောင်းလဲမှုမရှိတည်ငြိမ်နေပေမဲ့ ပါကစ္စတန် ပြည်တွင်း ဆန်ဈေးနှု န်းတွေ မြင့်မားနေတာကြောင့် ပြည်ပတင်ပို့တဲ့ ဆန်ဈေးနှုန်းတွေမြင့်မားလာပြီး တင်ပို့မှုလျော့ကျသွားမှာကို ပို့ကုန်လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတယ်။ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်ကွဲ) ဈေးနှုန်းတွေကတော့ တစ်တန်ကို ၁၀ ဒေါ်လာဈေးမြင့်လာတာဟာ အင်ဒိုနီးရှားက အိန္ဒိယဆန်ကို ဝယ်ယူဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကြောင့် ဖြစ်တယ်။ အိန္ဒိယ မှဆန်တန်ချိန် တစ်သိန်းဝယ်ယူမယ်လို့ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးက နိုဝင်ဘာလ အစောပိုင်းမှာ ပြောကြား ခဲ့တယ်။ ချီကာဂိုကုန်သွယ်ရေးမှာလည်း အမေရိကန်ဆန် အရောင်းအဝယ်ငြိမ်သက်ပြီး ဈေးနှုန်းတည်ငြိမ်နေတယ်လို့ သိရတယ်။ နိုဝင်ဘာ-ဒီဇင်ဘာလ အရောက်ပို့ဆန်ဈေးနှုန်းမှာ တစ်တန်ကို ၃၂၇ ဒေါ်လာဝန်းကျင်သာရှိတယ်လို့ သိရတယ်။ Source:oryza.com,brecorder.com,the nation,ပပ
