Main menu

Background

စိုက်ပျိုးမှုကျဆင်းတာကြောင့် အိန္ဒိယနိုင်ငံရဲ့ ကုလားပဲတင်သွင်းမှု မြင့်တက်နိုင်

Mon, 11/26/2012 - 07:08 -- Anonymous (not verified)

အိန္ဒိယနိုင်ငံမှာ ရာသီဥတုအခြေအနေ ပုံမှန်မဟုတ်တာ ကြောင့် ကုလားပဲစိုက်ပျိုးမှုဧရိယာ ထိခိုက်နိုင်တဲ့ အတွက် နောက် ၂ လကျော်မှာ ကုလားပဲတင်သွင်းမှု သိသိသာသာ မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များ မှ မျှော်မှန်းနေကြပါ တယ်။ ဒါပေမဲ့ တင်သွင်းပဲရရှိနိုင်မှု တိုးတဲ့အတွက် ၂၀၁၃ ဖေဖော်ဝါရီ လလောက်မှာ ကုလားပဲဈေးက လက်ရှိဈေးထက် ၁၀-၁၅ ရာခိုင်နှုန်းခန့်ကျဆင်းနိုင်တယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လမှ အောက်တိုဘာလအတွင်း ကုလားပဲတစ်တန် ရူပီး ၄၈၀၀၀-၅၀၀၀၀(ကန်ဒေါ်လာ ၈၆၉-၉၀၅) အထိ မြင့်တက်ခဲ့ပြီးဖြစ်ပါတယ်။လက်ရှိဘဏ္ဍာနှစ်အတွင်းမှာကုလား ပဲတန်ချိန် ၅ သိန်းခန့် တင်သွင်းရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ပိုမိုတင်သွင်းခြင်း ကြောင့် ပဲရရှိနိုင်မှုတိုးပြီး၊ ဈေးနှုန်း ကိုအားလျော့စေလိမ့်မယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ သီးနံှအသင်း ဒုတိယဥက္ကဌ Suresh  Agarwal  မှ ပြောကြားပါတယ်။

ယခုနှစ် ရာသီဥတုမမှန်ကန်တာကြောင့် ကုလားပဲ စိုက် ပျိုးမှု သိသိသာသာကျဆင်းတယ်လို့  Agarwal  မှ ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ် ပဲမျိုးစုံ စိုက်ပျိုးမှုလည်း ကျဆင်းတယ်လု့ိ ဆိုပါတယ်။ အစိုးရစာရင်းတွေအရ ယခုနှစ် ဆောင်းပဲ စိုက်ပျိုး မှုက ပြီးခဲ့တဲ့နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၇ ဒသမ ၆၁ သန်းထက်လျော့ပြီး၊ ဟက်တာ  ၆ ဒသမ ၃ သန်းရှိ တယ်လို့ သိရပါတယ်။ ကုန်စည်လေ့လာဆန်းစစ်သူတွေက နောက် ၂ လ - ၃ လကျော်မှာ ကုလားပဲဈေးက တစ်တန် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၂၄)အထိ ကျဆင်းလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဈေးကွက်မှာ ရောင်းချမှု အခြေအနေ နည်းတာကြောင့်ကုလားပဲတင်သွင်းမှု တိုးတက်တယ်။ နောက် နှစ်ဖေဖော်ဝါရီ လ၊ မတ်လမှာ ကုလားပဲဈေးအကျဘက် ဆင်းနိုင်တယ်လို့ Paradigm  Commodity  Advisors  Put  Ltd  အမှုဆောင် အရာရှိ Biron  Vakil  မှ ပြောကြားပါ တယ်။ လတ်တလောမှာ လက်ငင်း ဝယ်လိုအားမရှိဘူး။ ဒါ ကြောင့် ဈေးထပ်မံကျဆင်းနိုင်တယ်လို့လည်း ၎င်းက ဆိုပါ တယ်။ ပိုမိုတင်သွင်းလာလို့ ဈေးကျဆင်းလာရင်တောင် ကုန် သည်တွေက သတ်မှတ်ဈေးအောက်ကို ချမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အစိုးရက ကုလားပဲအတွက်အနိမ့်ဆုံး ထောက်ပံ့ ဈေး(MSP)ကို တစ်တန်ရူပီး ၃၂၀၀၀ (ကန်ဒေါ်လာ ၅၇၉)သတ်မှတ်ထားလို့ ကုလားပဲဈေးက ရူပီး ၃၅၀၀၀ (ကန်ဒေါ်လာ ၆၃၄)အောက်ကို ကျဆင်းဖွယ်မရှိဘူးလို့လည်း ပဲတင်သွင်းသူ Agarwal  မှ ပြောကြားပါတယ်။ အစိုးရဟာ သီးနံှများမှ ဝင်ငွေရရှိမှုနည်းတာကြောင့် တောင်သူတွေရဲ့ စိတ်ဝင်စားမှု နည်းလာတဲ့အပေါ် စဉ်းစားပြီး၊ ဆောင်းသီးနှံအထူးသဖြင့် ပဲမျိုးစုံရဲ့ အနိမ့်ဆုံးထောက်ပံ့ဈေး များ မြှင့်တင်ခဲ့ပါတယ်။ ၂၀၁၃-၁၄ ဈေးကွက် ရာသီအတွက် ကုလားပဲ MSP ဈေးကို ပြီးခဲ့တဲ့ ၂၀၁၂-၁၃ မှာ သတ်မှတ်ခဲ့တဲ့ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၀၇)ထက် ၁၄ ရာခိုင်နှုန်းပိုပြီး၊ ရူပီး ၃၂၀၀၀( ကန်ဒေါ်လာ ၅၇၉)သတ်မှတ်ခဲ့ပါတယ်။ NCDEX ကုလားပဲ ကြိုပွိုင့်ဈေးမှာ မိုးရာသီပဲ ဝင်ရောက်မှု နည်းတဲ့အတွက် အောက်တိုဘာလ ပထမ ၃ ပတ်အတွင်း တဖြည်းဖြည်း ဈေးမြင့်တက်ခဲ့ ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နေ့ ကုလားပဲ ကြိုပွိုင့်ဈေးမှာ တစ်တန် ရူပီး ၄၃၂၄၀(ကန်ဒေါ်လာ ၇၈၃)ရှိကြောင်း သိရပါတယ်။ယမင်းခင်၊businessline