Main menu

Background

အိန္ဒိယဈေးကွက်ကို ပဲစင်းငုံအသစ်ဝင်ရောက်မှုရှိလာ ပြည်တွင်း ဝယ်လိုအားနည်းလို့ ပဲဈေးအကျဘက်ဆင်းနေ

Mon, 11/26/2012 - 07:11 -- Anonymous (not verified)

အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပွဲတော်ကာလအပြီး လက်ငင်းဝယ်လိုအားတွေ ကျဆင်းနေတဲ့အတွက် ပဲဈေးက လည်းအကျဘက်ဆင်းလာနေပါတယ်။ အဓိကလက်ငင်း ဈေး ကွက်တွေမှာမတ်ပဲ၊ ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲတွေကို ဝယ် လိုအားနည်းလို့ ဈေးကျဆင်းနေပြီး ပဲတီစိမ်းကိုတော့ ပဲခွဲစက်၊ ကုန်သည်နဲ့ လှောင်လက်တွေ အဝယ်ရှိလို့ ဈေးမတ်နေတယ် လို့ သိရပါတယ်။ ပဲဝင်ရောက်မှု အနေနဲ့ ဂူဘာကာဈေးကွက် ကို ပဲစင်းငုံအသစ် စတင်ဝင်ရောက်လာပြီဖြစ်ပြီး တစ်တန် ရူပီး ၄၃၅၀၀ (ကန်ဒေါ်လာ ၇၈၇) နဲ့ အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။Ludhiana ဈေးကွက်ကို ပဲတီစိမ်း အသစ် စတင်ဝင်ရောက်နေပြီး အရည်အသွေးပေါ်မူတည်လို့ ပဲအသစ် တစ်တန် ရူပီး ၄၀၀၀၀-၅၀၀၀၀  (ကန်ဒေါ်လာ ၇၂၃-၉၀၄) ဈေးရှိကြောင်း သိရပါတယ်။

ကန်ပါဈေးကွက်မှာတော့ ပဲတီစိမ်းအသစ် တစ်တန် ရူပီး ၆၂၀၀၀ (ကန်ဒေါ်လာ ၁၁၂၁) ဈေးရှိပြီး ပဲတီစိမ်းအဟောင်း ကတော့ ရူပီး ၅၄၀၀၀ (ကန်ဒေါ်လာ ၉၇၆) ရှိတယ်လို့ သိရ ပါတယ်။ ဂျယ်နာနဲ့ ဂျယ်ဂွန်ဈေးကွက် တွေကိုတော့ လာမယ့် လမှာ ကုလားပဲနဲ့ ပဲစင်းငုံအသစ်တွေ ဝင်လာမယ်လို့ သိရပါ တယ်။ အိန္ဒိယနိုင်ငံမှာ မီးရထားသယ်ယူခနှုန်းထားတွေကို ဒီဇင်ဘာလ ၁ ရက်ကစပြီး ၂၂ ရာခိုင်နှုန်းတိုးမှာဖြစ်ပြီး ကျန် တဲ့ ၉ ရာခိုင်နှုန်းကို ၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်မှစပြီး  တိုးမှာဖြစ်တယ်လို့ သိရပါတယ်။ သယ်ယူခနှုန်းထားတွေ တိုးမြင့်လျင်စားသုံးသူဈေးနှုန်းတွေ မြင့်တက်လိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဆောင်းပဲစိုက်ပျိုးမှုအနေနဲ့ နိုဝင်ဘာလ ၂၁ ရက်အထိ အင်ဒရာပရာဒေ့ရှ်မှာ ကုလားပဲစိုက်ပျိုးမှုက ပြီးခဲ့တဲ့ နှစ်ထက် ၃၅ ဒသမ ၈ ရာခိုင်နှုန်းပိုမိုနေပြီး ပဲတီစိမ်း၊ မတ်ပဲနဲ့ အခြားပဲ စိုက်ပျိုးမှုတွေကလျော့ကျတယ်လို့သိရပါတယ်။ ရာဂျက်စသန် ပြည်နယ်မှာတော့ ကုလားပဲစိုက်ပျိုးမှုမှာ ၂၄ ရာခိုင်နှုန်းခန့်နဲ့ အခြားပဲစိုက်ပျိုးမှုလည်း ၅၈ ရာခိုင်နှုန်းကျော် လျော့ကျနေ ကြောင်း သိရပါတယ်။ နိုင်ငံတကာအနေနဲ့ ၂၀၁၂-၁၃ အတွက် ကနေဒါ ကု လားပဲထုတ်လုပ်မှုက ပြီးခဲ့တဲ့နှစ်ထက် ၁၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၀၅ သိန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ ဒေစီကုလားပဲအမျိုးအစားက ထုတ်လုပ်မှု ကျဆင်း ဖွယ်ရှိပြီး ကာဘူလီကုလားပဲထုတ်လုပ်မှုကတော့ ၂၀၁၁-၁၂ ထက်ပိုမို မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်ပတင်ပို့မှုမှာလည်း တန်ချိန် ၅ သောင်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ အမေရိကန် ကုလားပဲထုတ်လုပ်မှုမှာလည်း ၂၀၁၁-၁၂ ကထက် ၂၉ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၂၅ သိန်းခန့်အထိ ရှိမယ်လို့ ဆိုပါတယ်။ ကနေဒါ ပဲနီလေး ကတော့ ဧရိယာလျော့ကျပြီး အထွက်နှုန်းလည်း နည်းတဲ့ အတွက် ပြီးခဲ့တဲ့ နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။            ယမင်းခင်