Main menu

Background

အဝယ်အရောင်းအပိုအလိုနဲ့ နိုဝင်ဘာတတိယပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်

Mon, 11/26/2012 - 07:12 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာတတိယပတ် ပဲဈေးကွက်မှာ ကထိန်အလှူနဲ့ ဝယ်သူရောင်းသူတွေနှေးကွေးပြီး ဈေးအေး ခဲ့ရပါတယ်။ ကုလားပဲဈေးကွက်တော့ ဒီရာသီ ဒီလတွေဖြစ် တတ်တဲ့ သဘာဝအတိုင်း V2 လိုင်းမှာ ဈေးအတက်စောင့်တဲ့ ကုန်သည်တွေ အထုတ်နှေးခဲ့ပြီး မျိုးပိုလို့ ရောင်းတဲ့သူတွေနဲ့ ဒေသတွင်းက စက်သမားတွေ အဝယ်ညီလို့ ထုံးစံမပျက် တစ်ရက်ကို အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

ရေလိုက်ငါးလိုက်လို့ဆိုရမလို V2 ဈေးအေးတဲ့အတွက် လက်ကျန်နည်းတဲ့ 929 နဲ့ ထိုင်ဝမ်လည်း အရောင်းကျဲ၊ အဝယ် လည်းနည်းခဲ့တဲ့အတွက်တစ်ရက်အိတ် ၃၀၀ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က ပြောပါတယ်။ ကုလားပဲအုပ်စု ပေါက်ဈေးတွေလည်း ဒီရက်ပတ်မှာ V2တစ် တင်း ၁၆၂၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၈၅၀၀ ကျပ်၊ 929 တစ်တင်း ၁၇၇၀၀ ကျပ်ထိ အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။  ဆိုခဲ့သလိုပဲ ငုံနီဈေးလည်း ဒီတစ်ပတ်မှာ ကျပြီးရင်း ကျတဲ့ဈေးနဲ့ တစ်တင်း ၁၆၁၀၀ ကျပ်ထိ အနိမ့်ဆုံး ခုန်ဆင်း သွားတာတွေ့ရပါတယ်။အဝယ်ကိုလေ့လာတဲ့အခါ ဈေးကြိုက် လို့ဝယ်တယ်။ တက်ရိပ်မှန်းပြီး ဝယ်တယ်။ ပစ္စည်းလိုလို့ဝယ် တယ်။ အဓိက Export ဝယ်လက်ဖြစ်တဲ့ ရန်ကုန်အဝယ်မရှိ ဘူးလို့ ကုန်သည်တချို့က ပြောပါတယ်။ ပဉ္စမလက်ဆန်တဲ့ဈေးကွက်လို့ပြောရမလား၊ ဒီရက်ပတ် မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းဝယ်လက်ဟာ တရုတ်လက် မဟုတ်ဘဲ ရန်ကုန်ဝယ်လက်ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မြန်မာ့ပဲနဲ့မြန်မာ့ရာသီကို သိနေလို့လား မပြော တတ်၊ အေးတဲ့ခုလိုရာသီမှာ ပဲတီတွေ တရုတ်လက်မဆွဲဘူးလို့ အတွေ့အကြုံရှိတဲ့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာကုန် စည်ဒိုင်ဈေးကွက်ထဲကိုတော့တစ်ရက်ကို ပဲတီအိတ် ၅၀၀ ဝန်း ကျင်၊ ပုံမှန်အဝင်ရှိနေပြီး၊ လာမဲ့ကာလတွေမှာ ကနီ၊ မင်းကင်း နယ်တွေကပဲတီအဝင်ပိုလာနိုင်တယ်လို့ကုန်သည်တွေက ပြော ပါတယ်။ မုံရွာကုန်စည်ဒိုင် နိုဝင်ဘာတတိယပတ် သီးနှံဈေးကွက် မှာ ပဲဈေးအေးအရောင်းအေးနေပေမဲ့ ဆီထွက်သီးနှံ တစ်မျိုး ဖြစ်တဲ့ နှမ်းဖြူကတော့ အဝင်သွက်ဈေးမာ အရောင်းသွက်ခဲ့ တာတွေ့ရပါတယ်။ ဒီရက်ပတ်မှာ နှမ်းဖြူတစ်နေ့ အိတ် ၅၀၀ အထက်ဝင်နေပြီ။ မိုးလွတ်တဲ့နှမ်းအများစု ပစ္စည်းကောင်းသ လို ဈေးကောင်းရရှိခဲ့ရာ တစ်တင်း အနိမ့်ဆုံး ၂၈၀၀၀ ကျပ်မှာ ဈေးမာနေတာကို ပွဲရုံနဲ့ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ နှမ်း အဝင်ဆက်လက်ကောင်းနိုင်သလိုနှမ်းဖြူဈေးလည်းဆက်လက် မာနေဖွယ်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်၊မုံရွာ