Main menu

Background

မြဝတီမှ နွယ်ချို တင်ပို့လာ

Mon, 11/26/2012 - 07:20 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၀၅ သန်းတန်ဖိုးရှိ နွယ်ချို ၆ တန်၊ကန်ဒေါ်လာသုညဒသမ ၀၀၆ သန်းတန်ဖိုးရှိ ကန့်ချုပ်နီ ၆ တန်ခန့် ကို နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မျောက်ဥခြောက်၊ တောချင်း၊ ချိတ်၊ အုံတုံခေါက်နဲ့ ဒရင်ကောက်မြစ်စတဲ့ ပရဆေးကုန်ကြမ်း ၂၃ တန်နဲ့ မူဆယ်နယ်စပ်မှ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်ေ စ့၊ ကြောင်လျာစေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ ချဉ်ပေါင်ဖာလာ နဲ့ တောင်ထန်းတို့ကို တန်ချိန်ပေါင်း ၁၂၈၆ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တမူးနယ်စပ်မှ ယခုအပတ်မှာကန်ဒေါ်လာသုညဒသမ ၀၀၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော်တင်သွင်း ခဲ့ပါတယ်။အေးအေးမြ၊MIRT(DOBT)