Main menu

Background

နနွင်း သိုလှောင်လက်ကျန်တွေကြောင့် အိန္ဒိယနနွင်းဈေးကျဆင်း

Mon, 11/26/2012 - 07:25 -- Anonymous (not verified)

အိန္ဒိယနနွင်းဈေးကွက်မှာ သိုလှောင်လက်ကျန်တွေပုံ နေပြီး၊ နနွင်းဝင်ရောက်မယ့်ရာသီလည်း နီးကပ် လာပြီဖြစ်လို့ ကြိုပွိုင့်ဈေး ၁ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန်ရူပီး ၅၆၅၈၀ (ကန်ဒေါ်လာ ၁၀၂၅) ဈေးနဲ့ နိုဝင်ဘာ ၂၂ ရက်မှာ ဈေးပိတ်ခဲ့ ပါတယ်။ လက်ငင်းဈေးအနေနဲ့လည်း အရည်အသွေး အသင့် အတင့်ကောင်းမွန်တဲ့ နနွင်းသာ ဝင်ရောက်တဲ့အတွက် စပ်မျိုး နနွင်းဈေးပင်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်မှာ အရည်အသွေးကောင်း နနွင်းဝင်ရောက်တာကြောင့် စပ်မျိုးနနွင်း ဝယ်လိုအားမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာတော့ ပျမ်းမျှအရည်အသွေး အသင့် အတင့်ရှိတဲ့ နနွင်းသာဝင်ရောက်ခဲ့ပြီး ဈေးမှာလည်း သိသိ သာသာကျဆင်းကြောင်း ကုန်သည်များမှဆိုပါတယ်။

အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်း လက်ချောင်းတစ်တန် ရူပီး ၃၉၀၆၀-၅၄၁၀၀ (ကန်ဒေါ်လာ ၇၀၇-၉၈၀) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၇၁၁၀-၄၉၀၀၀ (ကန်ဒေါ်လာ ၆၇၂-၈၈၇) ရှိကြောင်း သိရပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလအတွင်းပို့ရမယ့် နနွင်း ဈေးက ၁ ဒသမ ၀၁ ရာခိုင်နှုန်းကျဆင်းပြီး၊ ရူပီး ၅၆၅၈၀ (ကန်ဒေါ်လာ ၁၀၂၅) ရှိကြောင်းသိရပါတယ်။ Sangli  ဈေးကွက်မှာ ဈေးနှုန်းကျဆင်းမယ်မှန်းပြီး၊ ကုန်သည်များက နနွင်းဝယ်ယူခြင်းမရှိသကဲ့သို့ ပြည်ပ ဝယ်လို အားလည်း အကန့်အသတ်သာရှိကြောင်း သိရပါတယ်။  ယမင်းခင်၊ Source: Businessline