မြန်မာ-အိန္ဒိယနယ်စပ်နဲ့ ထိုင်းနယ်စပ်တို့မှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ ကွမ်းသီးခြောက် ၁၃၁ ဒသမ ၆၉၂ တန် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၄၆ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်မှ တန် ၁၀၀ ကျော်နဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ၁၂ တန်ကျော် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၃ တန်ကျော်လျော့နည်းခဲ့ပေမဲ့ ကွမ်းသီးတင်ပို့မှုဟာ ပုံမှန်ဖြစ်နေ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခင်မိုးသူ၊MIRT (DOBT)
Background