Main menu

Background

ဓာတ်ဆီ တန်ငါးရာနဲ့ ဒီဇယ်တန် တစ်သောင်းလေးထောင် ကျော်ဝင်

Mon, 11/26/2012 - 07:32 -- Anonymous (not verified)

ပြည်တွင်းကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၁၄၃၉၂ ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းရန် သွင်းခွင့်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် ဓာတ်ဆီ ဒီဇယ်လျှောက်ထားလိုင်စင်အရ တန်ချိန် ခြောက်ထောင့်နှစ်ရာကျော်သာ ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ လိုင်စင်လျှောက်ထားတန်ချိန် ရှစ်ထောင်ကျော်ပိုပြီး လျှောက် ထားလာတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဒီဇယ်ဈေးက အပြောင်းအလဲမရှိပေမဲ့ ဓာတ်ဆီ ဈေးက  မြင့်တက်လာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင် ရဲ့ ဈေးနှုန်းများမှာ အောက် တိန်းက ဈေးအနည်းငယ်မြင့်လာပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင် ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၃၆၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ ၄၅၀၀-၄၆၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးနှုန်းမှာ ဒီဇယ်က ဈေးအနည်းငယ် ကျလာတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ရဲ့ ဒီဇယ်ဈေးကငြိမ်နေပေမဲ့ ဓာတ်ဆီဈေး ကတော့ ၁၇ ရက်ဝန်းကျင်ကစပြီး ဈေးမြင့်လာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ကျပ် ၃၉၀၀ နဲ့ ရောင်းချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၄၀၀၀-၄၁၀၀ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓါတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကဆိုင်ရော ပြင်ပဆိုင်ပါ ဈေးတွေ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးက ဓါတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်တို့နဲ့ ရောင်းချပါတယ်။  ပြင်ပဆိုင်ဈေးမှာ ဓါတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။      MIRT-DOT
နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ တင်သွင်းမှုပိုမို
နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်နဲ့ မြဝတီနယ်စပ်မျာမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၈၃၁၆၉ ဂါလန်ကို တင်သွင်းမှုရှိခဲ့ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှု အပိုင်းမှာတော့ မြန်မာ-ထိုင်း နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်း၊ မြဝတီနဲ့ မြိတ်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၂၇၅၁၇၉ ဂါလန်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ် စခန်းမှ ၆၉၃၀၀ ဂါလန်၊ မြဝတီစခန်းမှ ၁၀၀၈၇၉ ဂါလန်၊ ကော့သောင်းစခန်းမှ ၂၁၀၀၀ဂါလန်၊ မြိတ်စခန်းမှ ၈၄၀၀၀ ဂါလန် အသီး သီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တင်သွင်းမှုမရှိတဲ့ ကော့သောင်း စခန်းမှတင်သွင်းလာတဲ့အတွက် ယခင်အပတ် တင်သွင်းမှုထက် ၆၅၆၇၅ ဂါလန် တင်သွင်းမှုပိုမိုရခြင်း ဖြစ်ပါတယ်။    ခင်မိုးသူ MIRT(DOBT)