Main menu

Background

တစ်နိုင်တစ်ပိုင်ပုဂ္ဂလိက ငွေလဲလုပ်ငန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ငွေမှောင်ခိုလဲလှယ်သူများ ပပျောက်သွားနိုင်

Mon, 11/26/2012 - 07:33 -- Anonymous (not verified)

တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကငွေလဲလုပ်ငန်းများ ဖွင့်လှစ်ပေးခြင်းဖြင့်တရားမဝင် ငွေလဲလှယ်နေသည့် ငွေမှောင်ခိုလဲလှယ်ေ နသူများ ပပျောက်သွားနိုင်ကြောင်း ငွေလဲ လုပ်ငန်းကို တရားဝင်လုပ်ကိုင်လိုသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

"ကျွန်တော်တို့ အခုဒီလုပ်ငန်းကို လုပ်ကိုင်နေတာ တရားမဝင်ပါဘူး။ အရင် အစိုးရလက်ထက်တုန်းကဆို ခဏခဏ အဖမ်းခံရတယ်။ အဲဒီလို အဖမ်းခံရတိုင်း လည်း ရှာထားတဲ့ငွေကကုန်တာပဲ။ လိုင်းကြေးပေးရတာနဲ့ စီမံချက်ရှိ လို့ ရှောင် ပေးပါဆိုတာနဲ့ ရှာရတဲ့ငွေက ပြန်ကုန်တာနဲ့ မောတာပဲ အဖတ်တင်တယ်။ အခုဆို ဒီနေရာမှာ တရားမဝင်လုပ်တဲ့သူတွေ တော်တော်များလာတယ်။ နောက်ပြီးသူတို့က အုပ်စုဖွဲ့ပြီး မတရားမှုတွေလုပ်လာကြတဲ့ အတွက် ကျွန်တော်တို့လို ရိုးသားစွာရှာ ဖွေတဲ့သူတွေအတွက် နာမည်လည်းပျက်ရတယ်။ အများထင်သလို  အထင်ခံရ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း တရားဝင်လုပ်ခွင့်ရရင်ကောင်းမယ် လို့ မျှော်မိတာပါ"ဟု မှောင်ခိုဈေး ကွက် မှ တရားမဝင်ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေ သူ ကိုဦးက ပြောပြခဲ့သည်။ယခင်က တရားမဝင်ငွေလဲလှယ်သည့်လုပ်ငန်းကို မဟာဗန္ဓုလပန်းခြံအနီး  ဧမာနွေလ ဘုရားကျောင်းတစ်ဝိုက်တွင် လုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင် ပုဂ္ဂလိက ဘဏ်များ၏ရှေ့တွင်ပင် ပြောင်ပြောင်တင်းတင်း ရောင်းဝယ်မှုများ ကို ပြုလုပ်နေကြ သည်ကိုတွေ့ရသည်။ ၎င်းတို့က ဘဏ်မှ သတ်မှတ်ပေးထားသည့်ငွေလဲနှုန်းထက် ၅ ကျပ် ၁၀ ကျပ်ပိုပေး၍ မက်လုံးပေးကာ လဲလှယ်ကြသဖြင့် ပြည်သူအများစုမှာ မကြာခဏ ဆိုသလို လိမ်လည်ခံနေကြရကြောင်း သိရသည်။         မယ်သီတာ