Main menu

Background

အတက်အကျ အနည်းငယ်ဖြင့် မတည်မငြိမ်ဖြစ်နေဆဲ မြန်မာ့ရွှေဈေးကွက်

Mon, 11/26/2012 - 07:41 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းတွင်  မြန်မာ့ ရွှေဈေးသည် အတက်အကျများ ရှိနေ ကာ မတည်မငြိမ်ဖြစ်နေသည်ကို တွေ့ ရသည်။

မြန်မာ့ရွှေဈေးကွက်သည်  အတက် အကျအနည်းငယ်သာရှိနေသည့်အတွက်  အရောင်းအဝယ်မှာ မျှခြေတွင်ရှိေ န ကြောင်း ရွှေကုန်သည်တစ်ဦးက  ဆို သည်။"ဒီတစ်ပတ် မြန်မာ့ရွှေဈေးကွက်မှာ ရွှေဈေးက အတက်အကျ အနည်းငယ် ပဲရှိတော့ ဝယ်လိုအားရော ရောင်းလို အားပါ မျှခြေမှာရှိနေပါတယ်။ နောက် ပြီး အခုကာလက  အပြောင်းအလဲ တစ်ခုကို စောင့်နေကြတဲ့သဘော မျိုးရှိ နေတော့ ရွှေဝယ်ရောင်းလုပ်တဲ့သူတွေ လည်း သိပ်မလုပ်ကြတဲ့အခြေအနေမှာ ရှိနေတယ်။ အဓိက အရောင်းအဝယ် ဖြစ်တာက အထည်ပိုင်းပဲ။ အထည်က တော့ အဝယ်ထက် အရောင်းက ပိုများ တယ်"ဟု အဆိုပါကုန်သည်ကဆိုသည်။ထို့ပြင်တရုတ်နိုင်ငံမှ ရွှေကုန်သည် များ၏ အဝယ်တန့်သွားမှုကြောင့် ကမ္ဘာ့ရွှေဈေး အတက်အကျ ဖြစ်နေ မှုကလည်း  မြန်မာ့ရွှေဈေးကို လှုပ်ခတ် စေသည်ဟု ရွှေလုပ်ငန်းကျွမ်းကျင်သူ တစ်ဦးကဆိုသည်။"တရုတ်နိုင်ငံရေး  အပြောင်းအလဲ တွေကြောင့် တရုတ်ကုန်သည်ကြီးတွေ က ရွှေကို အရင်ကလို သိပ်မဝယ်ကြ တော့ ဘူး။ သူတို့ကလည်း အခြေအနေ တစ်ရပ်ကိုစောင့်ကြည့်နေကြတဲ့သဘော  မှာရှိနေတော့ အဝယ်တန့်သွားတာ။ ဒါ ကြောင့် ကမ္ဘာ့ရွှေဈေးမှာ တက်လိုက် ကျလိုက်ဖြစ်နေတာ။ ကမ္ဘာ့ရွှေဈေးမှာ အတက်အကျဖြစ်နေရင် မြန်မာ့ရွှေဈေး ကလည်း အတက်အကျလိုက်ဖြစ်နေမှာ ပဲ"ဟု အဆိုပါရွှေကုန်သည်က ဆိုသည်။မြန်မာ့ရွှေဈေးသည်  နိုဝင်ဘာ ၁၉ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၇၀၅၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကျပ် ၇၇၄၀၀၀ သို့ မြင့် တက်ခဲ့သည်။ ထို့နောက် အနည်းငယ် ပြန်ကျခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ကျပ် ၇၇၃၅၀၀ ရှိခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း  နိုဝင်ဘာ ၁၉ ရက်က ၁၇၂၂ ဒေါ်လာရှိခဲ့ရာမှ နိုဝင်ဘာ ၂၃ ရက်တွင် ၁၇၃၀ ဒေါ်လာ သို့သာ မြင့်တက်ခဲ့သည်။မယ်သီတာ