Main menu

Background

ရေကြောင်းလမ်းမှ ဘိလပ်မြေ အဝင်နည်း

Mon, 11/26/2012 - 07:46 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်နေ့တာကာလအတွင်း ဘိလပ်မြေအဝင်နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များမှာ  ရေလမ်းကုန်သွယ်မှုမှ ဘိလပ်မြေအဝင်က တစ်ပတ်ကို ပျမ်းမျှတန်ချိန် နှစ်သောင်း မှ သုံးသောင်းကျော်အ တွင်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှသာ တန်ချိန် သုံးထောင်ကျော် ဝင်ခဲ့တာကြောင့် ယခင်သီတင်းပတ်များနဲ့ ယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ တန်ဖိုးက ကန်ဒေါ်လာ နှစ်သိန်းရှစ်သောင်း ကျော်ဖိုးဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
ဘိလပ်မြေ တန် ၄၀၀၀ ကျော် နယ်စပ်မှအသွင်းရှိနိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ လွယ်ဂျယ်၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၃၀ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၀၂၅ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက်တင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၄၉၂ တန်ကျော်၊ တာချီလိတ်မှ ၂၅၉၄ တန်၊ မြိတ်မှ တန် ၇၅၀ နဲ့ ကော့သောင်းမှ ၁၈၉ တန် အသီးသီးဖြစ်ပါတယ်။ ဆွေဆွေဝင်း
ဈေးကွက်အတွင်း ပုံမှန်လေးပဲရှိနေဆဲ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ပွင့်လင်းရာသီ ရောက် လာလို့ အရောင်းအဝယ်ရှိနေပေမဲ့ ဘိလပ်မြေဈေးက အတက်အကျ မရှိသေးဘဲ ယခင်တစ်ပတ်ဈေးနဲ့ ရောင်းနေတယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအဝင် အထွက် ပုံမှန်ရှိနေတာကြောင့် ဈေးကလည်းငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ဘိလပ်မြေ  ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၄၆၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ် မြေတစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့  အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်တက်လာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲမှာအေသုံးလုံးဘိလပ်မြေကတက်ရိပ်အနည်းငယ်ရှိနေတယ် လို့ သိရပါ တယ်။ မြန်မာဆင်က တစ်ရာဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာ ဆင် ၄၉၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ကျပ်နဲ့မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ  ဘိလပ်မြေက  အရောင်းပုံမှန်ရှိတယ်လို့  ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပွင့်လင်းရာသီ ရောက်လာပေမဲ့ မိုးကလည်း သိပ်မပြတ်သေးတာကြောင့် အရောင်းအဝယ်က ထင်သလောက် တက် မလာသေးဘူးလို့ပြောပါတယ်။ ပုံမှန်ရောင်းနေရပေမဲ့ဈေးက သိပ်အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) တစ်အိတ်ကို ၄၈၀၀ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို  ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဈေးကတော့ အပြောင်းအလဲမရှိဘူးလို ့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးကဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ၄၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ရှိနေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ တော့ ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။MIRT (DOT)