Main menu

Background

အိန္ဒိယဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းသဖြင့် ပြည်ပမှ ဆီတင်သွင်းမှုအပေါ် မှီခိုမှုများလာ

Mon, 11/26/2012 - 07:52 -- Anonymous (not verified)

အိန္ဒိယနိုင်ငံဟာ ၂၀၁၁ နိုဝင် ဘာလမှ ၂၀၁၂ အောက်တိုဘာလ အထိ တစ်နှစ်တာ ကာလအတွင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု စံချိန်တင် မြင့်မားခဲ့တယ်။ စားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အသုံးပြုမှု မြင့်မားလာတဲ့အတွက် တင်သွင်းမှု မြင့်မားတယ်လို့ သိရ တယ်။ ၂၀၁၁ - ၁၂ ခုနှစ်အတွင်း တင်သွင်းမှုပမာဏ တန်ချိန် ၁၀ ဒသမ ၁၉ သန်းရှိရာ ၂၀၁၀ - ၁၁ ခုနှစ်က တင်သွင်းမှုပမာဏဖြစ်တဲ့ တန်ချိန် ၈ ဒသမ ၆ သန်းနဲ့ ယှဉ်ရင် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားခဲ့ တယ်။

အိန္ဒိယအနေနဲ့ ပြည်ပမှဆီတင် သွင်းမှုအပေါ် ၆၀ ရာခိုင်နှုန်း မှီခို နေရကြောင်း၊ ပြည်တွင်းမှာဆီထွက် သီးနှံ ထုတ်လုပ်မှု နှစ်စဉ်ကျဆင်း နေတဲ့အတွက် ပြည်ပမှ ပိုမိုတင်သွင်း နေရကြောင်း၊ ဆီထွက်သီးနှံထုတ် လုပ်မှု ကျဆင်းခြင်းမှာ အခြားသီးနှံ များ ပြောင်းလဲစိုက်ပျိုးထုတ် လုပ် ကြတဲ့အတွက်ဖြစ်ကြောင်း သိရ တယ်။ ဒီလိုပြည်ပမှ ဆီတင်သွင်းမှုကို အားကိုးနေရခြင်း၊ နိုင်ငံတကာ စား အုန်းဆီဈေးနှုန်းများ ကျဆင်းခြင်း တို့ကြောင့် အိန္ဒိယအစိုးရဟာ သန့် စင်ထားပြီး အရောင်ချွတ်၊ အနံ့ ဖယ် ထားတဲ့ စားအုန်းဆီ (RBD Plamolein) တင်သွင်းမှုအတွက် အခြေခံ သွင်းကုန်ဈေးနှုန်းကို တစ်တန် ၈၈၉ ဒေါ်လာအစား ၈၈၇ ဒေါ်လာအထိ လျှော့ချ သတ်မှတ် ပေးခဲ့ပါတယ်။ ှSource:Businessstandard.com,the hindubusinessline.com, ပပ