Main menu

Background

ပြည်ဈေးကွက်မှာ နှမ်းဈေးမြင့်သလို မြေပဲဆန်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

Mon, 11/26/2012 - 08:06 -- Anonymous (not verified)

ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်ကုမ္ပဏီများက အဝယ်ရှိလို့ နှမ်းနက် ဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနက်ကို ပြလို့၊ ပေါင်း တည်နဲ့မြန်အောင်ဘက်မှတစ်နေ့ကို အိတ် ၅၀၀ ခန့် ဝင်ရောက်သော်လည်း ဆောင်း နှမ်းများ စိုက်ပျိုးချိန် နှမ်းအဝင်နည်းပြီး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိတဲ့ အတွက်လှောင်နှမ်းများကိုပါထုတ်၍ ရောင်းချခဲ့ရတာကြောင့် နှမ်းနက်ဈေးမှာ မြင့် တက်လာခဲ့ပါတယ်။ ဆီကြိတ်နှမ်းနီမှာ ဆီစက် သမားများကအဝယ်ရှိလို့ ဈေးမှာ ယခင်အပတ်ထက် မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ် အိတ်ကို ၈၃၅၀၀ ကျပ်နဲ့ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ်နေ့ အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။

မြေပဲဆန်ဈေးမှာလည်း ယခုအပတ်မှာ အနည်းငယ်ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန်ဆီစက်များနဲ့ ပြည်ဆီစက်များက အဝယ်ရှိခြင်း၊ မြေပဲဆန်ကို အောင်လံဘက် မှ တစ်နေ့ အိတ် ၂၀၀ ခန့်သာ ဝင်ရောက်လို့ အဝင်နည်းခြင်း ကြောင့် ဈေး အနည်းငယ်မြင့်လာတာတွေ့ရပါတယ်။ မြေပဲဆန်ဈေးမြင့်ပေမဲ့ ဆီဈေးမတက်ဘဲ ပုံမှန်ဖြစ်လျက် ရှိပါတယ်။ မြေပဲဆန် တစ်ပိဿာ ၁၇၇၅ ကျပ်၊ လုံးဆန်တစ်ပိဿာ ၂၁၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ တစ်နေ့ မြေပဲဆန်အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်ထက်စာရင် အရောင်းအဝယ် နည်းသွား တာတွေ့ရပါ တယ်။           ဝေေ၀မင်း-ပြည်