Main menu

Background

သိုလှောင်မှုမြင့်တက်ပြီး ဝယ်လိုအားနည်းခြင်းကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး အကျနဲ့ပိတ်

Mon, 11/26/2012 - 08:07 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေးတိုးတက်မှုက ဆက်ပြီးမှေးမှိန်နေတဲ့အတွက် စားဆီဝယ်လို အားနည်းပါးမှာကို ရင်းနှီးမြှုပ်နံှသူများမှ စိုးရိမ်းမှုဆက်ရှိနေသေးတဲ့အတွက် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးက ၄ ရက်မြောက်အနေနဲ့ ဆက်တိုက် ကျဆင်းခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ ဂရိအတွက် အရေးပေါ်ကူညီပေးဖို့ သဘောတူ ညီရေး ဒုတိယအကြိမ် အနေနဲ့ နိုင်ငံတကာ ခေါင်းဆောင်များတွေ့ဆုံမယ့် လာမယ့် သီတင်းပတ် ဥရောပအစည်းအဝေးကို စောင့်ကြည့် လျက်ရှိနေပါတယ်။

ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်း ဆီ နိုဝင်ဘာလကုန်လက်ကျန် ဟာ အောက်တိုဘာလမှာ စံချိန်ရှိခဲ့တဲ့ တန်ချိန် ၂ ဒသမ ၅၁ သန်းထက် ပိုမိုပြီး၊ တန်ချိန် ၂ ဒသမ ၆၅ သန်း - ၂ ဒသမ ၇ သန်း အထိရှိလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းထားပါတယ်။ ယခုလ ပထမ ရက် ၂၀ အတွင်း စားဆီတင်ပို့မှုဟာ အောက်တိုဘာလ ကာလတူတင်ပို့မှုနဲ့ ယှဉ်ရင် လျော့ကျတဲ့အတွက်လည်း သိုလှောင်ပမာဏကိုပိုမိုလာစေပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်မှာ ဝယ်လိုအားကျဆင်းနေတာကြောင့်ဈေးကွက် က ပြည်ပတင်ပို့မှုအပေါ် စိုးရိမ် နေကြတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလစာချုပ်အခြေခံဈေး ၁ ရာ ခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၂၃၈၇ (ကန်ဒေါ်လာ ၇၈၀)ဈေးရှိခဲ့ကြောင်း သိရပါတယ်။ယခုတစ်ပတ်အတွင်းအမေရိကန်ဘဏ္ဍာရေး အကျပ်အတည်းနဲ့ အီးယူ ဇုန်ဖြစ်ပွားနေတဲ့ ဘဏ္ဍာရေးပြဿနာများကြောင့် စားအုန်းဆီကြိုပွိုင့်ဈေး ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းဦးမယ်လို့ ရိုက်တာ ဈေးကွက်လေ့လာဆန်းစစ်သူ Wang  Taw  က ဆိုပါတယ်။ လာမယ့် သီတင်းပတ်မှာ အင်ဒိုနီးရှားစားအုန်းဆီအသင်းက ကြီးမှူးကျင်းပမယ့် နှစ်စဉ်ဈေးနှုန်းအလားအလာညီလာခံက စားအုန်းဆီ အလား အလာအတွက် များစွာအထောက်အပံ့ပြုမှာဖြစ်လို့ ကုန်သည်များက ယင်းညီလာခံ ကို စောင့်ကြည့်နေကြတယ်လို့လည်း ဆိုပါတယ်။ အချို့ကုန်သည်တွေကတော့ ဒီဇင်ဘာလမှာ ဝယ်လိုအားပြန်တက်လာနိုင် တယ်လို့ မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွက် အဝယ်အော်ဒါအချို့ ရရှိနေပြီး၊ တရုတ်နိုင်ငံကလည်း ဖေဖော်ဝါရီလနှစ်ကူးအတွက် ဝယ်လက်တွေ သို လှောင်ဖို့အဝယ်တက်နိုင်တယ်လို့ ဆိုပါတယ်။လက်ငင်းဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လ အတွက် သန့်စင်ပြီး၊ စားအုန်းဆီတစ်တန် ကန်ဒေါ်လာ ၈၅၅ ရှိပြီး၊ ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းလက်ငင်းဈေးက တစ်တန် ရင်းဂစ် ၂၃၀၀ (ကန်ဒေါ် လာ ၇၅၂)ရှိကြောင်း သိရပါတယ်။                     ယုဇန၊Source: Reuter