မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီး၊ ပဲစင်းငုံနီနဲ့ ကုလား ပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အောက်ဈေး နဲ့ အဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကအကျဘက်မှာရှိနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူ မှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၁၀၁၆ ကျပ်(တစ်တန်ကို ၆၂၂၁၈၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ပဲစင်းငုံနီကိုတော့ ရန်ကုန်အဆွဲအေးသွားသလို ရောင်းသူ ကုန်သည်များကလည်း တက်ဈေးမျှော်ပြီး အရောင်းနည်းသွားတယ် လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကို ရန်ကုန် အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားအသင့်အတင့်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၄၇ ကျပ်(တစ်တန်ကို ၅၇၉၉၃၃ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ မြို့ခံဆီကြိတ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ထက်စာ ရင် အနည်းငယ်လျော့သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က နှမ်းနီတစ်ပိဿာ ၁၉၁၁ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၁၉၇၈ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၃၁၁ ကျပ်၊ နှမ်းနက်စမုံ တစ်ပိဿာ ၂၅၁၁ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၁၁၀၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background