မင်္ဂလာဒုံစက်မှုဇုန်မှာ အထည်ချုပ် စက်ရုံကိုပြည်ပမှ စက်များဝယ်ယူတပ်ဆင်ပြီး ပင်လယ်ရေကြောင်းမှ စောင် ကြမ်းများကို တရုတ်နိုင်ငံမှ အလိပ်လိုက်တင်သွင်းပြီး စက်ရုံ များတွင် စောင်များကိုဖြတ်ခြင်း၊ ချုပ်လုပ်ခြင်း၊ Packing ပြုလုပ်ခြင်းများဆောင်ရွက်ပြီး ပြည် တွင်း ဈေးကွက်နဲ့အိန္ဒိယ ဈေးကွက်သို့ဖြန့်ဝေတော့မှာဖြစ်ကြောင်း လွယ်ဂျယ်နယ်စပ် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ စောင် ချုပ်စက်ရုံများကြောင့် ပြည်ပတင်သွင်းမှုအစားထိုးနိုင်မှာ ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်းရရှိလာနိုင် မှာ ဖြစ်ပါတယ်။ ယခင်ကတရုတ်နယ်စပ်မှစောင်ကြမ်းများ အများအပြားတင်သွင်းခဲ့ရာမှ ယခုအခါသွင်းကုန်အစားထိုး ကုန်ပစ္စည်းအဖြစ် မီယာစောင်များ ကိုပြည်တွင်းတွင်ထုတ်လုပ် နေ ပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းအဖြစ် မီယာစောင်များ ယခင်ထက်ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်တော့မှာဖြစ်ကြောင်း နဲ့ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက် ရရှိလာ တော့မှာဖြစ်ကြောင်း ဝမ်းသာစရာ သတင်းကောင်းပါးလိုက် ရပါတယ်။ MMZ
Background