Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန် ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်

Fri, 11/30/2012 - 04:42 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း မှ နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့ထိ ကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၂၆၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ငါးမျိုးစုံ တန် ၉၀ ကျော်၊ ပုစွန် ၆ တန်နီးပါး၊ ကဏန်း ၈ တန်ကျော်တင်ပို့ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၁၀၄ တန် ကျော်တင်ပို့ခဲ့ရာ ယခင်အပတ်ထက်ငါးမျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာရေထွက်ကုန် ၇၁ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာသုညဒသမ ၅၈၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၀၈ တန်ကျော်၊ ငါးဆားနယ် ၁၀ တန်ကျော်၊ ကဏန်း ၁ တန်နီးပါး၊ ကင်းမွန် ၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်တွင် ယခင်အပတ်က တင်ပို့ နိုင်ခဲ့သော ကျောက်ပုစွန်နှင့် ငါးစည်ဖောင်း တင်ပို့နိုင်ခြင်း မရှိခဲ့တဲ့အတွက် ယခင်အပတ်ထက် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၆၀၃ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၇၅၀ တန်ကျော်၊ ရေငန်ပုစွန် ၂၃ တန် နီးပါး၊ ကဏန်းအသေး (အသေ) ၇ တန်ကျော်၊ ငါးမှုန့် ၄၆၁ တန်ကျော်၊ ပုစွန်ခြောက် ၁ တန်ကျော်၊ ကင်းမွန်ပြုတ်ခြောက် ၂၅ တန်ကျော်၊ အေးခဲပုစွန် ၇ တန်ကျော်၊ အေးခဲကဏန်း ပျော့ ၁၆ တန်ကျော်၊ ကဏန်းနီ ၆၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက်ကဏန်းအသေး (အသေ)၊ ငါးမှုန့်၊ ကင်း မွန်ပြုတ်ခြောက်၊ အေးခဲပုစွန်၊ အေးခဲကဏန်းပျော့၊ ကဏန်းနီများ ယခုအပတ်မှာ ပိုမိုတင်ပု့ိနိုင်ခဲ့ပါတယ်။ ထိုင်းနယ်စပ် ကုန်သွယ်ရေး စခန်းများအနေနဲ့ ယခုအပတ်မှာရေထွက်ကုန် ၃၂၈၅ တန်ကျော် တင်ပို့နိုင်ခဲ့တာ ကြောင့် ယခင်အပတ်တင်ပို့ မှု ထက် ၁၇၀ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ခင်မြနွယ်၊MIRT(DOBT)