အိန္ဒိယနိုင်ငံဈေးကွက်တွေအတွင်းမှာ ဂျုံအမျိုးအစားအားလုံးက လက်ရှိ ဈေးနှုန်းအတိုင်း တည်ငြိမ်နေကြောင်း၊ ဂျုံဝယ်လိုအားနဲ့ ရောင်းလိုအား မျှတနေတဲ့ အတွက် ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ဂျုံကုန်သည်ကြီးတစ်ဦးဖြစ်တဲ့ Satish Kumar က Business Line သတင်းဌာနကို ပြောကြားတယ်။
လက်ငင်းအရောင်းအဝယ်ဈေးကွက်အတွင်းကို အင်ဒရာပရာဒေ့ရှ်မှ ဂျုံတန် ၅၀ ခန့် ဝင်ရောက်လာပြီး ဂျုံမှုန့်စက်တွေကို တိုက်ရိုက်ပေးသွင်းခဲ့ရကြောင်း၊ စက်ရုံတွေကို အရောက်ပို့ဈေးမှာ တစ်ကွမ်တယ်ကို ရူပီး ၁၅၄၀-၁၅၄၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၀-၂၈၂ ဝန်းကျင်ခန့်)မှာ ပေါက်ဈေးရှိပြီး၊ ဒေစီမှ ထွက်တဲ့ ဂျုံ အမျိုးအစား အမျိုးမျိုးကလည်း တစ်ကွမ်တယ်ကို ရူပီး၂၅၀၀-၂၅၅၀ (တစ်တန်ကို ကန်ဒေါ်လာ ၄၅၈-၄၆၇ ခန့်) ဖြစ်ကြောင်း သိရတယ်။ အိန္ဒိယအမျိုးသားကုန်စည်ဒိုင်မှာ ကြိုပွိုင့်ချုပ်ဆိုဈေးတွေက ဒီဇင်ဘာလ အရောက်ပို့အတွက် တစ်ကွမ်တယ်ကို ၅ ရူပီး တိုးမြှင့်လာပြီး ရူပီး ၁၅၉၂ (တစ် တန်ကို ကန်ဒေါ်လာ ၂၉၂ ခန့်)ဖြစ်လာတယ်။ ဒါပေမဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ အစောပိုင်းက တစ်ကွမ်တယ်ကို ရူပီး ၁၅၉၉ ထိ ဈေးမြင့်တက်သွားခဲ့တယ်။ ဇန်န ဝါရီအရောက်ပို့အတွက်တစ်ကွမ်တယ်ကို ရူပီး ၁၅၉၀ နဲ့ချုပ်ဆိုကြကြောင်း၊ ၎င်း ကုန်စည်ဒိုင်မှာ ဂျုံလက်ငင်းပေါက်ဈေးက တစ်ကွမ်တယ်ကိုရူပီး ၁၅၇၀ (တစ်တန် ကို ကန်ဒေါ်လာ ၂၈၈ ခန့်) ဖြစ်ကြောင်း သိရတယ်။ ဂျုံသီးနှံဈေးအပြောင်းအလဲမရှိလို့ ဂျုံမှုန့်ဈေးမှာလည်း တစ်ကွမ်တယ်ကို ရူပီး ၁၇၅၀၊ (တစ်တန်ကို ကန်ဒေါ်လာ ၃၂၀) မှာ အပြောင်းအလဲမရှိ ငြိမ်သက်နေတယ် လို့ သိရတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနလက်အောက်ရှိ အစိုးရအေဂျင်စီ ဖြစ်တဲ့ PEC မှဂျုံမှုန့်ကြိတ်တဲ့ အမျိုးအစားဂျုံတန်ချိန် ၅၅၀၀၀ ကို ပြည်ပကို တင်ပို့ဖို့အတွက် တင်ဒါခေါ်ယူခဲ့ရာ အမြင့်ဆုံးလေလံဈေးမှာ တစ်တန်ကို ကန်ဒေါ် လာ ၃၁၉ ဒသမ ၁၅ ဖြစ်ကြောင်း သိရတယ်။Source:thehindubusinessline.com,စန္ဒာပျို