နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း တန်ဖိုးရှိ ရော်ဘာတန် ၁၀၀၄ ကျော်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံသို့ RSS-3 တန် ၆၀၀၊ စင်္ကာပူသို့ MSR-20 ၂၆၅ တန်နဲ့ မလေးရှားသို့ RSS-3 တန် ၁၄၀ ဖြစ်ပါတယ်။ ယခင်အပတ်က တန် ၉၀၀ သာတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၁၀၀ ကျော်ပိုမိုတင်ပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်အပတ် ဈေးနှင့် ကွာခြားမှုမရှိ၍ မိမိတို့ရော်ဘာ ၤဥြ ဈေးနှုန်းများ မှာလည်းပြောင်းလဲမှုမရှိဘဲRSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊ ျွှ-၃ နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ ဖြစ်ပြီး Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများနဲ့ တင်ပို့သူများ အသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)
Background