Main menu

Background

အရောင်းအဝယ် အေးမြဲဖြစ်နေသည့်ရန်ကုန်ကားဈေးကွက်

Fri, 11/30/2012 - 05:32 -- Anonymous (not verified)

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားအဝင်များကာ ဈေးတန်းအေးမြဲအေး နေကြောင်း သိရသည်။ မြို့တွင်းရှိ ကားအမျိုးစုံရာဝိုင်းဖြစ်သည့် ဟံသာဝတီဝိုင်းတွင် ဖရီးပါမစ်သွင်း ကားအချို့နှင့် စလစ်အချို့သာ အရောင်းအဝယ်ရှိကြောင်း မြို့တွင်း မြို့နယ်စုံတွင်ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများမှာလည်း အရောင်းအေးနေ ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းနေရာစုံတွင်လည်း ကားစီးရေသောင်းချီရှိနေပြီး ထပ်မံ ဝင်ရောက်ရန်လည်းရှိကာဆိုရလျှင် ကားအမျိုးအစားစုံစွာ ပေါလာသဖြင့် ဝယ် ယူမည့်သူတိုင်းက စောင့်ကြည့်သဘောဖြစ်နေသဖြင့် အရောင်းအဝယ်အေးနေခြင်း ဖြစ်ကြောင်း အပေါ်ဝိုင်းဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်မှပြောသည်။ လာမည့်နှစ်ဦး ပိုင်းတွင် စီအိုင်အက်(ဖ်)အားပြင်ဆင်သတ်မှတ်ပေးမည်ဆိုသဖြင့် ယခင်ဖရီးပါမစ် ကားဝယ်မည့်သူများပင် အဝယ်အေးသွားကာ စောင့်ကြည့်သာဖြစ်နေသဖြင့် ယခု တလော ကျပ်သိန်း ၁၀၀ ဝန်းကျင် ကားလေးများနှင့် ပရိုဘောက်များ အဝယ် အတော်ရှားသွားကြောင်း ၎င်းမှပြောသည်။ယာဉ်အိုဟောင်းအပ်နှံပြီး စလစ်များလည်း ယခုတစ်ပတ်အတွင်း ဈေးဆင်း လာကာ အမည်ပေါက်ဆိုလျှင် ယခင်က ကျပ် ၉၅ သိန်းရှိရာမှ ယခု ကျပ် ၉၁ သိန်း၊ ၉၂ သိန်းခန့်ဖြင့် ရောင်းချလာကြောင်းသိရသည်။ ၎င်းမှာ "ဘ" အက္ခရာ ယခုနှစ်ထဲတွင်ပင် အပ်နှံလက်ခံဆောင်ရွက်ပေးမည့်သတင်းကြောင့်ဖြစ်နိုင်ပြီး စလစ် ဈေးတန်းမှာ အများကြီးမဟုတ်သော်လည်း နည်းနည်းခြင်းဈေးဆင်းလာနိုင်ကြောင်း ဝါရင့် ဝယ်ရောင်းများက သုံးသပ်ကြသည်။တက္ကစီအုပ်စုတွင် အမာခံ၊ အကြမ်းခံ ကိုရိုလာဗင်များ၊ ကာလ်ဒီးနား ဗင်များ မှာ များသောအားဖြင့် အငှားယာဉ်လောကတွင် အများဆုံးဖြစ်သော်လည်း ယခု ဈေးတန်းအရ စလစ်ဈေးထက် ကျပ် ၁၀ သိန်း ၁၅ သိန်းသာပိုသည့် ဆီစားသက်သာ၊ အနည်းငယ်အသုံးခံသည့် ဖရီးပါမစ်ယာဉ်ငယ်အချို့ အငှားယာဉ် ပြောင်းသုံးလာ ကြပြီး လတ်တလောဝယ်ယူလာလျှင်လည်း ကိုယ်ပိုင်အိမ်စီး တက်စီအဖြစ်အသုံး ပြုမည့်သူသာများကြောင်း ၎င်းတို့မှပြောသည်။                                       SN