Main menu

Background

မန္တလေးမြေဈေးကွက် မျှော်မှန်းလို့မရ

Fri, 11/30/2012 - 05:35 -- Anonymous (not verified)

မန္တလေး  မြေဈေးကွက်မှာ ယခုလဆန်းပိုင်းက ရန်ကုန်ဝယ် လက်များဆင်းလို့  ဈေးကွက် အတွင်း မြေလိုက်လံကြည့်ရှု ကာ ဈေးဆစ်မှုများ၊  ဈေးနှုန်းစကား ပြောဆိုမှုများ  ရှိခဲ့သော်လည်း အရောင်းအဝယ်   ကောင်း ကောင်း မဖြစ်ခဲ့ကြောင်း၊ ယခုတစ် ပတ်မှာ မန္တလေးမြေဈေးကွက်မှာ လုံး၀ အေးနေကြောင်း သိရပါ တယ်။

မြို့တွင်းမြေအကျိုးဆောင်တစ်ဦးက "လဆန်းပိုင်းက ဈေးကွက်ဖြစ်ခဲ့တာ လက်ချိုးရေလို့ရပါတယ်။ မြေဈေး ကွက်က မျှော်မှန်းလို့မရပါဘူး။ ရန်ကုန်ဘက်က အဝယ်ဆင်းတယ်ဆိုတာလည်း ဈေးမေးတာလောက်ပဲရှိပါတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ကို အရောင်းအဝယ်ရှိခဲ့တာရေတွက်လို့ရပါတယ်။ ဒါကလည်း ဈေးလျော့ရောင်းလို့ဖြစ် ခဲ့တာ။ ကျပ်သိန်း ၁၅၀၀၀ တန်ကို ကျပ်သိန်း ၈၀၀၀ နဲ့ အရောင်းအဝယ်တစ်ခုဖြစ်ခဲ့တယ်။ ဒီအချိန်မှာမှ အရောင်း အဝယ်မဖြစ်ရင် မတ်လလောက်ထိက အရောင်းအဝယ် အေးနေဦးမှာပဲ။ မြေဈေးနှုန်းကလည်း တဖြည်းဖြည်း ဆင်းသွားမယ် ထင်မြင်ပါတယ်"လို့ ပြောပါတယ်။မန္တလေးမြေကွက်များကို ယခင်က အမြတ်အစွန်းများရရှိခြင်းကြောင့် ငွေပိုလျှံသူများမှ မြေဝယ်ယူထိန်းသိမ်း ပြီး၊ မြေဈေးကစားမှု ပြုလုပ်သူများပြားခဲ့ကြောင်း၊ ယခုအခါ ဝယ်ယူထားသူများမှာ ပြန်လည်ရောင်းချ လိုသူများခြင်း ကြောင့် မြေဈေးနှုန်းမှာ တဖြည်းဖြည်းချင်းကျဆင်းလာပြီး၊ ဝယ်ယူမယ့်သူမရှိသလောက် နည်းနေကြောင်း၊ မြေ အကျိုးဆောင်အချို့မှာလည်း အခြားလုပ်ငန်းများနဲ့တွဲဖက်ကာ လုပ်ကိုင်လာ ရကြောင်း၊ မြေဈေး ကွက် ပြန်လည် ဦးမော့လာရန် စောင့်ဆိုင်းဦးမှာဖြစ်ကြောင်း သိရပါတယ်။                    ဇူးဇူး-မန္တလေး