Main menu

Background

မူဆယ်နယ်စပ်မှ အမယ်သစ်ပို့ကုန် တင်ပို့

Fri, 11/30/2012 - 05:40 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ အိမ်နီးချင်း တစ်ဖက်နိုင်ငံသို့ ရာသီပေါ် သစ်သီးဝလံအမျိုးမျိုး တင်ပို့လျက် ရှိပါ တယ်။ ယခုအချိန်ဟာ ဖရဲသီး၊ သခွားမွှေးလှိုင် လှိုင်ပေါ်ချိန်ဖြစ်နေတာကြောင့် မူဆယ်နယ်စပ်မှ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒါ့အပြင် သရက် သီးပေါ်ချိန်၊ နာနတ်သီး  ပေါ်ချိန်များတွင်လည်း ရာသီချိန်အလိုက် တင်ပို့နိုင်ခဲ့ကြပါတယ်။

ယခုအပတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှထွက်ရှိတဲ့  မက္ကာဒေးမီးယား ခေါ် သစ်ဆိမ့်သီး (သို့မဟုတ်) သော့ဖွင့်သီး ၁၀ တန် ကျော်ကို အမယ်သစ်ပို့ကုန်ပစ္စည်းအဖြစ် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ တင် ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။   သစ်ဆိမ့်သီး သို့မဟုတ် သော့ဖွင့်သီးကို တရုတ်နိုင်ငံတွင် သွား ရေစာအဖြစ်စားသုံးကြကြောင်း သိရှိရပါတယ်။Source: နကသ (မဆ)  အေးအေးမြ