Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Fri, 11/30/2012 - 05:52 -- Anonymous (not verified)

ဘရပ်ဆဲလ် ဥရောပခေါင်းဆောင်များရဲ့ အ စည်းအဝေးသည် နှစ်ရက်ဆက်တိုက် ရှိနေပြီဖြစ်တဲ့တိုင်အောင် အလှမ်း ဝေးနေ ဆဲဖြစ်တဲ့အတွက် ၂၀၁၄-၂၀၂၀ခုနှစ် အီးယူဘတ်ဂျက်အတွက် ယူရို တစ်ထရီလီယံ သဘောတူညီမှု ရရှိရေးအတွက် သံသယ ရှိကြောင်း၊ ဥရောပ ခေါင်းဆောင်များက ပြော ကြားပါတယ်။ ဥရောပရှိ ဆင်းရဲနိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေကြား ကွာဟ ချက်တွေကြီးမားနေတဲ့အတွက် ဆွေး နွေးပွဲကို တစ်ရက် ရွှေ့ဆိုင်းခဲ့ရ ကြောင်း AFP  သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

တိုကျို သူ၏ ပါတီအနိုင်ရပါက အများ ပြည်သူ့ လုပ်ငန်းတွေအတွက် ယန်း ထရီလီယံ ၂၀၀ (ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ)အသုံးပြုမှာဖြစ်ကြောင်း နဲ့ အကယ်၍စီးပွားရေးအခြေအနေ တိုးတက်မှုမရှိသေးဘဲ ငွေကြေး ကျုံ့ တဲ့ အဖြစ်မျိုးရှိနေသေးတယ် ဆိုရင် သူ့ပါတီနဲ့ အာဏာရ ဒီမိုကရက်တစ် ပါတီတို့သြဂုတ်လကသဘောတူထား တဲ့ ရောင်းခွန်ကိစ္စကို ရွှေ့ဆိုင်းထား မယ်လို့ ရွေးကောက်ပွဲအနိုင်ရမယ်လို့ တစ်ပေးခံရသူရှင်ဇိုအာဘေးက ပြော ကြောင်းရိုက်တာသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ပေကျင်း နိုင်ငံခြားကဝင်လာမဲ့ အရင်း အနှီးတွေကို ဆွဲဆောင်တဲ့အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း တွေကို လွယ်ကူ အောင် တရုတ်နိုင်ငံ က ပြင်ဆင်သွားမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံတော်နို င်ငံခြားငွေအုပ်ချုပ် ကွပ်ကဲရေးအဖွဲ့ရဲ့ သတင်း ထုတ်ပြန် ချက်ကို ကိုးကားပြီး ရှန်ဟဲနေ့စဉ် သတင်းမှာဖော်ပြထား ပါတယ်။ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင် နိုင်အောင် ရည်မှန်းထားတဲ့ ဒီအစီ အမံတွေကို ဒီဇင်ဘာ ၁၇ ရက်မှာ စတင် ကျင့်သုံးမယ်လို့ ဆိုပါတယ်။
ဟိုချီမင်းစီးတီ သမားရိုးကျဈေးကွက်တွေမှာ ဗီယက်နမ်ကုန်ပစ္စည်းတွေ တိုးမြှင့်သွား မဲ့ အစီအစဉ်ရဲ့ ဒုတိယအဆင့် အရ ပြည်တွင်းဖြစ်ထုတ်ကုန်တွေရဲ့ ဝေစု ကို ဈေးကွက်ထဲမှာ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ အစီအစဉ်ဒုတိယဆင့် ကို မြို့တော်ရှိ ဈေးကွက် ၁၀ ခုမှာ အကောင်အထည် ဖော်ပြီး စားသုံးသူ ၂၂၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ ကြောင်း ဗီယက်နမ် သတင်းတစ်ပုဒ် မှာ ဖော်ပြထားပါတယ်။