Main menu

Background

ရာသီဥတုနဲ့ လုပ်သားအခက်အခဲကို တွန်းလှန်နိုင်ဖို့ လယ်ယာသုံး စက်ကိရိယာများ သုံးစွဲရေးတောင်သူများကိုအသိပေး

Fri, 11/30/2012 - 05:44 -- Anonymous (not verified)

သာယာဝတီခရိုင်အတွင်း မြို့နယ်များမှာ မိုးစပါးစိုက်ဧကခြောက်သိန်းကျော်ကို နိုဝင်ဘာလ လယ်ထိ ဧက ၁ ဒသမ ၇၇ သိန်း  ရိတ်သိမ်းပြီး ဆောင်းသီးနှံ ပဲမျိုးစုံထဲက မတ်ပဲကို အများဆုံးစိုက် ကြလို့ မတ်ပဲဧက သုည ဒသမ ၃၅ သိန်း စိုက်ပျိုး ထားပြီးဖြစ်ကြောင်း သိရပါတယ်။

မြို့နယ်များမှာ အထူးပြု ကုမ္ပဏီအချို့နဲ့ လုပ်ငန်းရှင်ကြီးအချို့တို့က ရိတ်သိမ်းခြွေလှေ့စက် ဝယ်ယူပြီး တောင်သူ များရဲ့ လယ်စပါးကွင်းများမှာ အငှားလိုက်ရိတ်သိမ်းခြွေလှေ့ပေးနေခြင်းအတွက် အခါမဟုတ် မိုးမိပါက ပျက်စီးဆုံးရှုံး ရခြင်း၊ အကြိမ် ကြိမ်ကိုင်တွယ်သဖြင့် လေလွင့်ဆုံးရှုံးခြင်း၊ လုပ်သား အခက်အခဲရှိခြင်းတို့ကို မခံစားရတော့ဘဲ စိတ် အေးသက်သာစွာထွက်သမျှ စပါးအပြည့်အဝရှိပြီး၊ စပါးလှိုင်လှိုင်ပေါ်ထွက်ချိန်မဟုတ်တဲ့ အတွက် စပါး ဈေးနှုန်း မြင့်မြင့်ရောင်းရလို့ အကျိုးအမြတ် ပိုမို ရရှိတဲ့အပြင် ဆောင်းသီးနှံ မတ်ပဲကို အချိန်အခါမီ ပြီးစီးအောင်  ထွန်ယက်စိုက်ပျိုးနိုင်ခြင်းကြောင့် အချို့တောင်သူများမှာလည်း ရိတ်သိမ်းခြွေလှေ့ စက်ကို အသုံးပြုလိုစိတ် ရှိနေကြပါတယ်။တောင်သူကြီးများအနေနဲ့ စပါးရိတ်သိမ်း ပြီးပြီးချင်း ပဲစိုက်ရတဲ့ ယခုအချိန်မှာ လုပ်ရိုးလုပ်စဉ် လူလုပ်အားနဲ့ လုပ်နေပါက အလွန်အလုပ်များပြီး၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရတာကြောင့် စပါးရိတ် သိမ်းခြွေလှေ့ခြင်းကို ရိတ်သိမ်းခြွေလှေ့စက်အသုံး ပြုပြီး၊ ဆောင်းသီးနှံ ပဲ ထွန်ယက်စိုက်ပျိုးခြင်း ကိုလည်း ထွန်စက်၊ လက်တွန်းထွန်စက်တို့နဲ့ လုပ် ကိုင်သင့်ကြောင်း၊ ၎င်းလယ်ယာသုံးစက်ကိရိယာ များကို တောင်သူတစ်ဦးတစ်ယောက် တည်း ဝယ် ယူအသုံးပြုဖို့ အခက်အခဲရှိပါက တောင်သူမိသား စု၊ ဆွေမျိုးသားချင်း၊ နီးစပ်ရာ တောင်သူများ၊ အစုစပ်ပြီး   ဝယ်ယူအသုံးပြုစေလိုကြောင်းနဲ့ အလွယ်တကူငှားရမ်းရရှိနိုင်သဖြင့် ငှားရမ်းအသုံးပြု လုပ်ကိုင်ကြ ဖို့ တောင်သူများကို အသိပေးရေးသား လိုက်ရပါတယ်။        ခင်ဇော်-လက်ပံတန်း