Main menu

Background

စပိန်ဘဏ်များတွင် ကြွေးဆုံး မြင့်မားလာ

Fri, 11/30/2012 - 05:53 -- Anonymous (not verified)

စက်တင်ဘာလတွင် စပိန်နိုင်ငံက ဘဏ်တွေမှာဖြစ်ပေါ်နေတဲ့ ကြွေးဆုံး တွေကမကြုံဘူးေ အာင် မြင့်တက်ေ န ကြောင်းနဲ့ ယခုလိုဖြစ်ရတာစပိန်အိမ်ခြံ မြေလောကပြိုကွဲတာက စပိန်စီးပွား ရေးကို ထိခိုက်စေခဲ့တဲ့အတွ က်ဖြစ်ကြောင်း ဥရောပ သတင်းဌာနတစ်ခုမှာ ဖော်ပြ ထားပါတယ်။

အများအားဖြင့် အိမ်ဝယ်သူတွေ နဲ့ အိမ်ခြံမြေဆောက်လုပ်သူတို့ကြောင့် ဖြစ်ရတဲ့ကြွေးဆုံးတွေက ယူရို ၁၈၂ ဘီလီယံ သို့မဟုတ် ဘဏ်တွေရဲ့ ရရန် ပိုင်ခွင့်ရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းထိရှိ ခဲ့ကြောင်း ဗဟိုဘဏ်အချက် အလက် တွေအရသိရပါတယ်။ တစ်ချိန်တည်းမှာ အီတလီနိုင်ငံရဲ့ စက်မှုအမှာစာတွေကတစ်ဟုန်ထိုးကျ ဆင်းစေခဲ့ကြောင်း သီးခြားထုတ်ပြန်တဲ့ စာရင်းများအရ တွေ့ရပါတယ်။ စက် တင်ဘာလမှာရရှိတဲ့ စုစုပေါင်းအမှာစာ ကယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး သြဂုတ်လနဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း အီတလီစာရင်းရုံးမှ စာရင်း ဇယားတွေအရ သိရပါတယ်။ စပိန်ဘဏ်ကနောက်ဆုံးထုတ် ပြန် ချက်အရ ၂၀၀၈ ခုနှစ်ကရှိခဲ့တဲ့ အလား အလာအတိုင်းဦးတည်နေပါတယ်။ စပိန်ဘဏ်စနစ်ထဲမှာရှိနေတဲ့ ချေးငွေ တွေကစက်တင်ဘာမှာရှိတဲ့ စပိန်နိုင်ငံ ရဲ့ တစ်နှစ်တာစီးပွားရေးထုတ်လုပ်မှု ရဲ့ ၁၇ဒသမ၄ရာခိုင်နှုန်းနဲ့ညီမျှနေပါတယ်။ စပိန်နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ပြိုကွဲပြီးတဲ့အချိန်ကစပြီး စပိန်နိုင်ငံမှာ မိသားစု ၃၅၀၀၀၀ ကျော်က သူတို့ရဲ့ နေအိမ်တွေကနေဆင်းပေးခဲ့ရပါတယ်။ ဒါကြောင့် စပိန်နိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေတာတွေဖြစ်ခဲ့ တဲ့အတွက် လူ တွေကဘဏ်တွေကိုဒေါသဖြစ်ခဲ့ပါတယ်။