Main menu

Background

ထိုင်း CIMBT ဘဏ်က ရွှေ့ပြောင်းလုပ်သားများအတွက် ဝန်ဆောင်မှု စတင်

Fri, 11/30/2012 - 05:53 -- Anonymous (not verified)

အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်း ဆောင်ရွက်နေသူတွေအတွက် ဝန် ဆောင်မှုအဖြစ် ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်ငန်းများချဲ့ထွင်သွားဖို့   CIMB Thai Bank  က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာန The Nation  မှာဖော်ပြထားပါတယ်။

အာဆီယံစီးပွားရေးအသိုက်အဝန်း ပြင်ဆင်တဲ့ စီးပွားရေးမဟာဗျူဟာ တစ်ရပ်အဖြစ်  CIMB က Speed Send ဝန်ဆောင်မှုကို နိုဝင်ဘာ ၂၀ ရက်ကစတင်ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ဆောင်ချက် (Transaction) တစ် ခုအတွက်ဆောင်ရွက်ခကို ဘတ် ၁၅၀ နဲ့စပါတယ်။ယေဘုယျအားဖြင့်အပြည် ပြည်ဆိုင်ရာလုပ်ငန်းစီစဉ်ဆောင်ရွက် သူတွေနဲ့ပြည်တွင်းဘဏ်တွေက ငွေလွှဲတဲ့ အတွက် ကောက်ခံမှုကငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ဘတ် ၂၀ က ၃၅၀ အထိယူပါတယ်။ ဈေးနှုန်းသတ်မှတ်တာက ပြည်တွင်းပြည်ပကပြိုင်ဖက်တွေနဲ့ယှဉ်နိုင်ရေး ကို အဓိကမဟာဗျူဟာအဖြစ် သတ်မှတ်ထားပါတယ်။ အခကြေးငွေနှုန်းက ထိုင်းနိုင်ငံမှာရှိတဲ့ပြောင်းရွှေ့လုပ်သားတွေရဲ့အပေါ်မှာမူတည်သတ် မှတ်တယ်လို့ CIMBT ရဲ့ ဒုတိယဥက္ကဋ္ဌ ဒူဆန်နီးက လူးပါတီနွန်သာက ပြောပါတယ်။ ဘဏ္ဍာရေးနယ်ပယ်မှာ တခြားပြိုင်ဖက်တွေနဲ့ နှိုင်းယှဉ်ရင်အရွယ်အစား ရောကုမ္ပဏီရဲ့ အမှတ်တံဆိပ်ပါ အားနည်းချက်ရှိနေပေမဲ့ ဈေးနှုန်း သတ်မှတ် တဲ့ မဟာဗျူဟာကို ရည်မှန်းချက်ထားတဲ့ ဖေါက်သည်တွေအပေါ် မူတည် သတ်မှတ်သွားမယ်လို့ မစ္စစက်ဒူဆန်နီက ပြောပါတယ်။ ၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ ၂၈ ရက် အထိမြန်မာနဲ့ဖိလစ်ပိုင်ကိုလွဲရင် အ ရောင်းမြှင့်တင်ရေးအဖြစ် Transaction   တစ်ခုကို ဘတ် ၅၀ သတ်မှတ် ထားကြောင်းသူမကပြောပါတယ်။ ပုံမှန်အားဖြင့် ဘတ် ၅၀၀၀၀ အ ထိလွှဲရင် ဘတ် ၁၅၀ နဲ့ ဘတ် ၅၀၀၀ ကနေဘတ်တစ်သိန်းအထိကို ဘတ် ၂၅၀ သတ်မှတ် ပါတယ်။ Speed Send မှာ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ်၊ မြန်မာ၊ ဘင်္ဂးလားဒေ့ရှ်၊ နီပေါနဲ့ ထိုင်းတို့ အကျုံးဝင်ပါတယ်။