Main menu

Background

ယူရိုဇုန် အကျပ်အတည်းက ဗီယက်နမ်ပို့ကုန်ကို ထိခိုက်နိုင်

Fri, 11/30/2012 - 05:56 -- Anonymous (not verified)

ဥရောပသမဂ္ဂသို့ ပို့ကုန်တင်ပို့မှု ကလာမဲ့နှစ်မှာပိုမိုခက်ခဲမယ်လို့ ခန့်မှန်း ထားကြောင်းနဲ့ ပို့ကုန်တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းရှိရာမှ ၁၀ ရာခိုင်နှုန်းအထိသာ တိုးတက်မှုရှိနိုင် ကြောင်းစက်မှု နဲ့ကုန်သွယ်ရေးဝန်ကြီး ဌာနခွဲရဲ့ ဥရောပဈေးကွက်ဌာနခွဲ ညွှန် ကြားရေးမှူးဒန်ဟောင်းဟိုင်းရဲ့ပြောကြား ချက်ကို ကိုးကားပြီး ဗီယက်နမ် သတင်း ဌာနတစ်ခုမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်ပြည်တွင်းပို့ကုန်လုပ် ငန်းရှင်ပို့ကုန်တိုးတက်မှုနှုန်း ၁၀ ရာခိုင် နှုန်းအတွက်ပင်ဘက်ပေါင်းစုံမှ ကြိုးစား ရမယ့် အခြေအနေရှိနေပါတယ်။ ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရ ခြင်းမှာ ဥရောပတွင်ကြွေးမြီအကျပ် အတည်းကိုအဆက် မပြတ်ကြုံရသော ကြောင့်ဖြစ်ကြောင်းနဲ့ ယူရိုဇုန်သည် ၂၀၀၉ ခုနှစ်ကဘဏ္ဍာရေးအကျပ်အ တည်းကြုံပြီးနောက်ပိုင်း အဖွဲ့ဝင် ၁၇ နိုင်ငံပါရှိသော ယူရိုဇုန်က ပထမဆုံး အကြိမ်အဖြစ် စီးပွားရေးဆုတ်ကပ်ဖြင့် ကြုံတွေ့ရကြောင်း ဟိုင်းကပြောပါ တယ်။ လာမဲ့နှစ်မှာလည်း ဗီယက်နမ်ပို့ ကုန်လုပ်ငန်းရှင်တွေက ဥရောပသမဂ္ဂ ကို ပို့ကုန်တွေတင်ပို့တဲ့အခါ အခက် အခဲနဲ့ကြုံတွေ့နိုင်ပါတယ်။ အကောက်ခွန်ဌာနရဲ့ အဆိုအရ ယခုနှစ်ပထမ ၁၀ လအတွင်းတွင် ဗီ ယက်နမ်မှ အီးယူသို့ တင်ပို့မှုက ၂၀ ရာခိုင်နှုန်းအထိမြင့်တက်ပြီးဒေါ်လာ ၁၆ ဒသမ ၁ ဘီလီယံအထိရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုတိုးတက်ခဲ့တာက မိုဘိုင်း ဖုန်း၊ အီလက်ထရွန်းနစ်ထုတ်ကုန်ပစ္စည်း၊ စက်ကိရိယာနဲ့ ယန္တရားစတဲ့ ကုန်ပစ္စည်းတွေတင်ပို့နိုင်လို့ ဖြစ်ပါ တယ်။ ဒီ ပစ္စည်းတွေအားလုံးကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ဆောင်ရွက်တဲ့ စီးပွားရေး လုပ်ငန်းတွေက ထုတ်လုပ်တာဖြစ်ပါ တယ်။ မိုဘိုင်းဖုန်းတွေတင်ပို့တာက ယခင်နှစ်ကနဲ့နှိုင်းယှဉ်ရင် နှစ်ဆမြင့် တက်ပြီးဒေါ်လာ ၄ ဒသမ ၄၃ ဘီလီယံ ထိရှိခဲ့ပါတယ်။ အီလက်ထရွန်းနစ် ကုန် ပစ္စည်းတွေကလည်း ၇၈ ရာခိုင်နှုန်း ကျော်မြင့်တက်ပြီးဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံထိရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗီယက်နမ်ထုတ်လုပ်သူ တို့ရဲ့တင်ပို့မှုက မဆိုသလောက်သာ မြင့်တက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဖိနပ်တင်ပို့မှုက ၂ ဒသမ ၂ ရာခိုင်နှုန်း သာမြင့်တက်ပြီး ချည်မျှင်နဲ့အထည်ချုပ် လုပ်ငန်းတင်ပို့မှုက ၅ ဒသမ ၆ ရာခိုင် နှုန်းမြင့်တက်ကာ ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံပဲရှိခဲ့ပါတယ်။