Main menu

Background

တရုတ် ထိပ်တန်းပို့ကုန်ဈေးကွက်အဖြစ် အီးယူကို အမေရိကန်ပြည်ထောင်စုက ကျော်တက်

Fri, 11/30/2012 - 05:58 -- Anonymous (not verified)

ဥရောပကျေပ်အတည်း ကဝယ်လိုအားကိုကျဆင်းစေခဲ့တဲ့ အ တွက်တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပို့ကုန် ဈေး ကွက်အဖြစ် အမေရိကန်ပြည် ထောင်စုက ဥရောပသမဂ္ဂကို ကျော် တက်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်က တရုတ်ပြည်ကပြော ကြားချက်ကို AFP သတင်းတစ်ရပ်တွင် တွေ့ရ ပါတယ်။

ယခုနှစ်ပထမ ၁၀ လ အတွင်းရရှိ တဲ့ တရုတ် အကောက်ခွန် စာရင်းများ အရ အမေရိကန် ပြည်ထောင်စုသို့ တရုတ်ပို့ ကုန်စုစုပေါင်းဒေါ်လာ ၂၈၉ ဒသမ ၃ ဘီလီယံရှိခဲ့ပြီးဥရောပသမဂ္ဂ (အီးယူ) သို့ ပို့ကုန်ကဒေါ်လာ ၂၇၆ ဒသမ ၈ ဘီလီယံရှိခဲ့ပါတယ်။ တရုတ်စီးပွားရေးဖွံ့ဖြိုးနှုန်းက စက် တင်ဘာလကုန်အထိလွန်ခဲ့တဲ့သုံးလပတ် ခုနှစ်ခုအတွင်းကျဆင်းခဲ့ရာ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုမှဝယ်လိုအား ကျဆင်းမှုက အဓိကအကြောင်းတရား ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးကအားနည်းနေပေမဲ့ တိုး တက်မှုရှိနေပါတယ်။ ဒါပေမဲ့ ယူရိုဇုန် ကြွေးမြီအကျပ်အတည်းက ဥရောပကို စီးပွားရေးဆုတ်ကပ်အတွင်းသို့ တွန်းပို့ လျက်ရှိနေပါတယ်။ ပင်လယ်ရပ်ခြားဒေသမှ ဝယ်လို အားအထူးသဖြင့် ဥရောပနှင့်ဂျပန်တို့မှ ဝယ်လိုအားကျဆင်းတဲ့အတွက် ယခုနှစ် အတွက် ရည်မှန်းချက်ချမှတ်ထားတဲ့ ကုန်သွယ်ရေးဖွံ့ဖြိုးနှုန်း ၁၀ ရာခိုင်နှုန်း ကို အပြည့်အဝအကောင် အထည် ဖေါ်ဖို့ ခက်လိမ့်မယ် လို့ တရုတ်စီးပွား ရေးနဲ့ ကူး သန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ ပြော ရေးဆိုခွင့်ရှိသူ ရှန်ဒန်ယန်း ကပြောပါ တယ်။ " ဒီနှစ်ထဲမှာဖြစ်နေတဲ့ အပြည်ပြည် ဆိုင်ရာစီးပွားရေးအခြေအနေက ပြင်း ထန်ရှုပ်ထွေးနေပါတယ်။ မရေရာမှုတွေ ကအများကြီးရှိနေပါတယ်။ နိုင်ငံခြား ဝယ်လိုအားတွေကျဆင်းတာက အဆိုး ဆုံးပါပဲ" လို့သူကပြောပါတယ်။ ၂၀၁၁ ခုနှစ်အလားတူကာလနဲ့ နှိုင်းယှဉ်လျှင်ယခုနှစ်ပထမ ၁၀ လမှာ နိုင်ငံခြားကုန်သွယ်မှုတိုးတက်နှုန်းဟာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ကြောင်းအ ကောက်ခွန်စာရင်းများအရ သိရတယ်။ အာဆီယံဟာ ဂျပန်နိုင်ငံကိုကျော်တက် ပြီးတရုတ်နိုင်ငံရဲ့ တတိယမြောက် ပို့ကုန် ဈေးကွက် ဖြစ်လာကြောင်း ရှန်က ပြော ပါတယ်။