Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Fri, 11/30/2012 - 06:02 -- Anonymous (not verified)

မိမိတို့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် ဖိလစ်ပိုင်၊ စင်ကာပူနဲ့ တရုတ်(တိုင်ပေ) လို အာရှနိုင်ငံတွေရဲ့ ဗဟိုဘဏ်တွေက ဒေါ်လာတွေကို ဝယ်ယူလျက်ရှိပါတယ်။  ဗဟိုဘဏ်တွေက ဆောင်ရွက်တဲ့ငွေကြေး မူဝါဒလျှော့ချမှုတွေက ရရှိတဲ့အကျိုး ခံစားခွင့်တွေကို ရရှိတာ ထွန်းသစ်စ အာရှ ငွေကြေးတွေ ဖြစ်ပါတယ်။

 
မကြာသေးမီက ဂျပန်ဗဟိုဘဏ် က နောက်ထပ်စီးပွားရေးတွန်းအားပေး အစီအစဉ်ပေါ်လာဦးမယ်လို့ ယူဆကြ တဲ့အတွက် ယန်းငွေနဲ့ ဖလှယ်ရာမှာ ဒေသတွင်းငွေကြေးတွေရဲ့ တန်ဖိုးက ၁၀ လအတွင်း အမြင့်ဆုံးနှုန်းထိတိုး တက်လာခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်းစီး ပွားရေးနိုင်ငံနှစ်ခုဖြစ်ပြီး အာရှပို့ကုန်အ တွက် အဓိကဈေးကွက်ဖြစ်တဲ့ အမေရိ ကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံမှာ နာ လန်ထူလာတဲ့ အခြေအနေတွေ ပိုမို တွေ့မြင်လာရတဲ့အတွက် ထွန်းသစ်စ အာရှဒေသငွေကြေးများရဲ့ တန်ဖိုးခိုင် မာနေဦးမယ်လို့ ယူဆထားကြပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ ငွေကြေးကို တန်ဖိုးမြင့်တက်လာမှာကို ကာကွယ်ဖို့ အတွက် တရုတ်(တိုင်ပေ) ဗဟိုဘဏ်က ဈေးကွက်ထဲကို ဝင်ရောက်စွက်ဖက်မှာ ကို ရင်းနှီးမြှုပ်နှံသူတွေက သတိထား စောင့်ကြည့်နေ ပါတယ်။
တရုတ်ယွမ် တရုတ်ယွမ်ငွေကြေးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ အောက်တိုဘာလကုန်က စပြီး ဆက်လက် မြင့်တက်ခဲ့တာတွေ့ရ ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၂၁ ရက်မှာ ယွမ်ငွေကြေးတန်ဖိုးက နေ့စဉ်သတ်မှတ် ထားတဲ့ တစ်ရာခိုင်နှုန်းကို မကျော်လွန် ခဲ့ပါဘူး။ တရုတ်ယွမ်ငွေကြေးရဲ့ တန်ဖိုးက ဆက်လက်မြင့်တက်နေပါတယ်။ တရုတ်ဗဟိုဘဏ်က ယွမ်ငွေကြေးတန် ဖိုး ဒေါ်လာနဲ့ ဖလှယ်ရာမှ သုည ဒသမ ၁၈ ရာခိုင်နှုန်းမြှင့်တင်ပြီး နိုဝင်ဘာ ၂၁ ရက်က တစ်ဒေါ်လာကို ၆ ဒသမ ၂၉၀၈ ယွမ်နှုန်းသတ်မှတ်ပေးခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ တရုတ်ငွေကြေး တန်ဖိုးက ၆ ဒသမ ၂၂၈၆ ထိမြင့်တက် လာပါတယ်။ ဗဟိုဘဏ်က   တစ်ရက် အတွင်းမှာ ယွမ်ငွေကြေးတန်ဖိုးကို ဗဟို ဘဏ်သတ်မှတ်ေ ဈးနှုန်းရဲ့ အထက်/ အောက် ၁ ရာခိုင်နှုန်း တက်ခွင့်/ကျ ခွင့် ပြုထားပါတယ်။
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေထံမှ ဒေါ်လာဝယ်လိုအားမြင့်မားနေတဲ့အ တွက် နိုဝင်ဘာ ၂၃ ရက် မနက်ဈေး ကွက်မှာ ရူပီးငွေကြေးတန်ဖိုးက စတုတ္တ နေ့အဖြစ် သုည ဒသမ ၁၅ ရူပီးနှုန်းကျ ဆင်းကာ တစ်ဒေါ်လာကို ၅၅ ဒသမ ၃၆ ရူပီးနှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ရှယ် ယာဈေးကွက်အဖွင့်မှာ ရှယ်ယာဈေး မြင့်တက်ပြီး အိန္ဒိယနိုင်ငံပြည်ပ ယူရိုနဲ့ ဖလှယ်ရာမှာ ဒေါ်လာဈေးကျဆင်းနေ တဲ့အတွက် အိန္ဒိယဈေးကွက်ထဲကို ငွေ ကြေးတွေစီးဝင်လာတဲ့အတွက် ရူပီးတန် ဖိုးကျဆင်းမှုသက်သာခဲ့ကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ရူပီး ငွေကြေးရဲ့တန်ဖိုးက ၅၅ ဒသမ ၁၀ ရူပီးနှုန်းကနေ ၅၅ ဒသမ ၃၅ ခွင်အတွင်း အတက်အကျရှိနေမယ်လို့ ကုန်သည်တွေက ခန့်မှန်းပါတယ်။ဂျပန်ယန်း ဂျပန်နိုင်ငံမှာ ငွေကြေးမူဝါဒလျှော့ ချမှုတွေကို အင်တိုက်အားတိုက်လုပ် ဆောင်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက် ကြောင့် ရက်သတ္တပတ်နှစ်ပတ်ခန့် တ ဟုန်ထိုးကျဆင်းခဲ့ပြီးနောက် ယန်းငွေ တန်ဖိုးက နိုဝင်ဘာ ၂၃ ရက်က ဒေါ်လာနဲ့ ဖလှယ်ရာမှာ ပြန်လည်မြင့် တက်ခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးက ယန်းငွေနဲ့ ဖ လှယ်ရာမှာ နိုဝင်ဘာ ၂၂ ရက်က တစ် ဒေါ်လာ ၈၂ ဒသမ ၈၄ ယန်းရှိရာမှ နိုဝင်ဘာ ၂၃ ရက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၈၂ ဒသမ ၂၈ ယန်းကိုရောက်ရှိခဲ့ပါ တယ်။ ဒါပေမဲ့ ယခင်ရက်သတ္တပတ်နှစ် ပတ်က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာတန်ဖိုးက ၃ ဒသမ ၅ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။
မလေးရှားရင်းဂစ် ရင်းဂစ်ငွေကြေးကိုဝယ်ယူမှု အ ထိုက်အလျောက်ရှိလာတဲ့အတွက် နို ဝင်ဘာ ၂၃ ရက်မနက်မှာ ရင်းဂစ်တန် ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာမြင့်တက် ခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ ရက်ကတစ် ဒေါ်လာကို ၃ ဒသမ ၀၆၀၅ ရင်းဂစ်နဲ့ ဈေးပိတ်ခဲ့ရာမှ ရင်းဂစ်တန်ဖိုးက နိုဝင် ဘာ ၂၃ ရက် မနက် ၉ နာရီ ၃၅ မိ နစ်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၀၅၈၀ နှုန်းထိ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားငွေကြေးတွေနဲ့ ဖ လှယ်ရာမှာ အတက်အကျအမျိုးမျိုးရှိ နေပါတယ်။
တောင်ကိုရီးယားဝမ် ဝမ်ငွေကြေးတန်ဖိုး အဆမတန် အတက်အကျဖြစ်နေတာကို အစိုးရက အရေးယူဆောင်ရွက်မယ်လို့ တောင်ကို ရီးယားဘဏ္ဍာရေး ဒုတိယဝန်ကြီး ချွိုင် ချောင်းကူက နိုဝင်ဘာ ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဝမ်ငွေကြေးက ဇွန်လကုန်ကစပြီး အာရှမှာ အရောင်း အသွက်ဆုံးငွေကြေးထဲမှာ ပါဝင်နေပါ တယ်။ ဘလွမ်းဘတ်သတင်းဌာနက ပြုစု ထားတဲ့ စာရင်းအရ ဆိုလ်းမြို့မှာ နိုဝင် ဘာ ၂၃ ရက် မနက် ၁၀ နာရီ ၄ မိနစ် က ဝမ်တန်ဖိုးက သုည ဒသမ ၁ ရာ ခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၁၀၈၆ ဒသမ ၆၈ ဝမ်နှုန်းရှိခဲ့ပါတယ်။
ထိုင်းဘတ် ယခုရက်သတ္တပတ်အတွင်း နိုဝင် ဘာ ၂၂ ရက်အထိ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံသူတွေက ထိုင်း၊ ဖိလစ်ပိုင် နဲ့ တောင်ကိုရီးယားဈေးကွက်တွေထဲက ရှယ်ယာတွေကို ဒေါ်လာ ၆၂၅ သန်း ဖိုးဝယ်ယူခဲ့ပါတယ်။ " နိုင်ငံခြားရန်ပုံငွေတွေ အာရှဈေး ကွက်ထဲဝင်လာလို့ ဒေသတွင်းငွေကြေး တွေကို အထောက်အကူဖြစ်စေခဲ့ပါ တယ်" လို့ ဘန်ကောက်ရှိ ဆုမိတိုမိုမစ် ဆုအိဘဏ်  ကော်ပိုရေးရှင်းက  ကုန် သည်ကိုဇိုဟာဆဲ လာဝါက ပြောပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ စာ ရင်းအရ ထိုင်းဘတ်ငွေတန်ဖိုးက ယခု ရက်သတ္တပတ်ထဲမှာ သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒသမ ၇၂ ဘတ်နှုန်းရှိခဲ့ပါတယ်။