Main menu

Background

တတိယသုံးလပတ်တွင် တောင်ကိုရီးယားနိုင်ငံခြားကြွေးမြီ ဒေါ်လာဘီလီယံ ၄၂၀ နီးပါးရှိ

Fri, 11/30/2012 - 06:06 -- Anonymous (not verified)

တောင်ကိုရီးယားနိုင်ငံရဲ့  ပြည် တွင်းငွေချေးဘဏ်တွေမှာ ကာလရှည် ကြာမှ ပြန်လည်ပေးဆပ်ရ မဲ့ နိုင်ငံ ခြားငွေတွေချေးငွေတွေရှိနေတဲ့ အ တွက် တတိယသုံးလပတ်မှာ ကိုရီးယား နိုင်ငံရဲ့ကြွေးမြီကဒေါ်လာ ၄၁၉ ဒသမ ၄ ဘီလီယံထိရှိနေတာကို ဗဟိုဘဏ် စာရင်းများအရ နိုဝင်ဘာ ၂၀ ရက်က တွေ့ရကြောင်းရှင်ဝှာ သတင်းဌာနကဆို ပါတယ်။

စက်တင်ဘာလကုန်မှာ တောင် ကိုရီးယားရဲ့ နိုင်ငံခြားကြွေးမြီကစုစု ပေါင်း ၄၁၉ ဒသမ ၄ ဘီလီယံရှိတဲ့ အတွက် ယခင်သုံးလပတ်နဲ့နှိုင်းယှဉ်ရင် ၃ ဒသမ ၆ ဘီလီယံ ပိုမိုလာခဲ့ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ပြောပါ တယ်။ ပြည်တွင်းဘဏ်တွေနဲ့တောင် ကိုရီးယားမှာရှိတဲ့ နိုင်ငံခြားဘဏ်ခွဲတွေ ကကာလတို အချိန်စေ့ရောက် တဲ့နိုင်ငံ ခြားငွေတွေကိုပြန်လည်ပေးဆပ်တဲ့ အတွက် အလားတူကာလအတွင်းမှာ တစ်နှစ်အတွင်းပြန်လည်ပေးဆပ် ရတဲ့ ကာလတိုချေးငွေကဒေါ်လာ ၁၃၂ ဒသမ ၆ ဘီလီယံရှိခဲ့ပါတယ်။ တစ်နှစ်ကျော်မှပြန်လည် ပေးဆပ် ရမဲ့ကာလရှည်ချေးငွေက စက်တင်ဘာ ကုန်ဆုံးချိန်မှာ ဒေါ်လာ ၂၈၆ ဒသမ ၇ ဘီလီယံရှိခဲ့ပါတယ်။ ယခင်ကာလနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံရှိခဲ့ပါတယ်။ ကာလတိုချေးငွေတွေကျဆင်းပြီး ကာလရှည်ချေးငွေတွေတိုးတက်လာတာ ကိုကြည့်ရင်နိုင်ငံရဲ့နိုင်ငံခြားကြွေးမြီဖွဲ့ စည်းတည်ဆောက်မှုဟာ တတိယသုံး လပတ်မှာတိုးတက်မှုရှိလာကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ စက်တင်ဘာလကုန်မှာ ကာလတို ချေးငွေကနိုင်ငံခြားအရန်ငွေမှာပါဝင် တဲ့အချိုးက ၄၁ ဒသမ ၂ ရာခိုင်နှုန်း ရှိတဲ့အတွက် ၂၀၀၆ ခုနှစ်နောက်ပိုင်း အချိုးအစားအနိမ့်ဆုံးဖြစ်ပါတယ်။ ယခင်လအခြေအနေနဲ့နှိုင်းယှဉ်ရင် ရာ ခိုင်နှုန်းကွာခြားချက် ၃ ဒသမ ၉ ရာခိုင် နှုန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ကာလတိုနိုင်ငံခြားချေးငွေ ရဲ့ရာခိုင်နှုန်းကျဆင်းတာဟာ ကမ္ဘာ့ စီးပွားရေးအလားအလာဆိုးဝါးနေတဲ့ အတွက် ကုန်သွယ်ရေးထောက်ပံ့မှုအ တွက်ဝယ်လိုအားကျဆင်းနေတာကို ညွှန်ပြနေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနကသတိပေးစကားပြောပါတယ်။ တောင်ကိုရီးယားရဲ့ ပို့ကုန်သွင်း ကုန်လုပ်ငန်းကအောက်တိုဘာလမှာ ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုဇုန်ဘဏ္ဍာရေးအကျပ်အတည်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေး အခက်အခဲကဲ့သို့ ပြည်ပ မှ ဖြစ်ပေါ် နေတဲ့ မရေရာမှုတွေကြောင့် အပြည့် အ၀ ပြန်လည် နာလန်ထူလာဖို့ဆိုတာ မသေမချာ ဖြစ်နေပါတယ်။