Main menu

Background

အမေရိကန်ဘဏ္ဍာရေးချောက်ကမ်းပါးကြောင့် မလေးရှားစီးပွားရေးကိုထိခိုက်

Fri, 11/30/2012 - 06:04 -- Anonymous (not verified)

လာမဲ့ဇန်နဝါရီမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးချောက်ကမ်းပါး စတင်ဖြစ်ပေါ်လာရင် မလေးရှားစီးပွားရေးတိုးနှုန်းကလာမဲ့ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကြားရှိမယ်လို့  ဥဃဃြ ဘဏ်မှ စီးပွားရေးပညာရှင် ဂန်ဒီကာယာဒီ က ပြောပါတယ်။

"ထင်တဲ့အတိုင်းသာဖြစ်လာရင် ကြီးကြီးမားမားဂယက်ရိုက်လာနိုင်ပါတယ်။ ဘဏ္ဍာရေးချောက်ကမ်းပါးက အမေရိကန်နိုင်ငံမှာ စီးပွားရေးဆုတ်ကပ်ဖြစ်နိုင် ပါတယ်။ အမေရိကန်စီးပွားရေးဖွံ့ဖြိုးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်း ပြီး ဒီအခြေအနေကယူရိုဇုန်မှာ ဖြစ်မယ်လို့ မှန်းထားတဲ့ စီးပွားရေးဆုတ်ကပ် ထက်ပိုပြီးကြီးနိုင်ပါတယ်။ ဒီကဖြစ်လာတဲ့ ဖိတ်လျှံအကျိုးသက်ရောက်မှုက ကမ္ဘာ့ကုန်သွယ်ရေးကိုထူးထူးခြားခြား ကျဆင်းနိုင်ပါတယ်"လို့ သူကပြောပါတယ်။ ဘဏ္ဍာရေးချောက်ကမ်းပါးဆိုတဲ့ထဲမှာအလိုအလျောက် အကောက်ခွန်မြင့် တက်မှုနဲ့ဘတ်ဂျက်လိုငွေေ လျှာ့ကျအောင်အသုံးစရိတ်လျှော့ချမှုတွေပါဝင်ပါတယ်။ အမေရိကန်အစိုးရကနောက်ဆုံးမှာ သဘောတူညီချက်ရအောင်စေ့စပ် ညှိ နှိုင်းမှုကိုလုပ်နိုင်မယ် လို့ယူဆရတဲ့အတွက်စီးပွားရေးချောက်ကမ်းပါး ကြောင့်ဖြစ်မဲ့ အန္တရာယ်ကလျော့ကျနိုင်ပါတယ်။ ဒီလိုဆိုရင် မလေးရှားနိုင်ငံရဲ့ စုစုပေါင်းပြည် တွင်းထုတ်လုပ်မှုတန်ဖိုးက ၅ ဒသမ ၂ ရာခိုင်နှုန်းထိရှိလာနိုင်မယ်လို့ သူက ပြောပါတယ်။ ယခုနှစ်ပထမသုံးလပတ်က ၂၀ ရာ ခိုင်နှုန်းကျော်ခဲ့တဲ့မလေးရှားနိုင်ငံရဲ့ ရင်း နှီးမြှုပ်နှံမှုနဲ့ ပုဂ္ဂလိကစားသုံးမှု အရှိန် နှေးနေတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုး မှုကိုအထောက်အကူဖြစ်စေနိုင်တယ်လို့ ဂန်ဒီကပြောပါတယ်။ အဓိကအန္တရာယ်ဖြစ်နိုင်တယ်လို့ ဘဏ်ကယူဆတာက ကမ္ဘာ့ဝယ်လိုအား ကျဆင်းတာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ်က မလေးရှားနိုင်ငံရဲ့ ဖွံ့ဖြိုး မှုကို ပို့ကုန်လုပ်ငန်းက အဓိကအဟန့်အတားဖြစ်စေခဲ့တယ်လို့ ဂန်ဒီက ပြော ကြောင်း ထိုင်းဝက်ဘက်ဆိုက်တစ်ခုမှာ ဖော်ပြထားပါတယ်။