ယခုတစ်ပတ် ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးငြိမ်နေပြီး၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းလာခဲ့ပါတယ်။ ပဲကြီး ဈေးနှုန်းများကတော့ ဈေးပြန်မြင့်လာတယ်လို့ သိရပါ တယ်။ မတ်ပဲလက်ကျန်ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက် အဝယ် အေးခဲ့သလို ဈေးလည်းအေးနေခဲ့ပြီး တစ်တင်း ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မျိုးပဲဝယ်ယူသူအချို့ရှိ ခဲ့ပြီး၊ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့်သာ ဝယ်ယူခဲ့ကြပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ပန်းတောင်းဘက်မှ နေ့စဉ် အဝင်ရှိ ပြီး၊ အိတ် ၆၀၀ ကျော်ထိ ဝင်ရောက်ခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း မန္တလေး ဝယ်လက်ရှိသော်လည်း ပဲဈေးမှာထိပ်စတစ် တင်း ၂၀၅၀၀ ကျပ်၊ အလတ်စ ၂၀၃၀၀ ကျပ်ဖြင့်သာ အရည် အသွေး ပေါ်လိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါတယ်။ ပဲစင်းငုံမှာ တစ်တင်း ၁၆၅၀၀ ကျပ်မှ ၁၅၇၀၀ ကျပ်ထိ ဈေးပြန်လျော့ သွားပြီး၊ အရောင်းအဝယ်မှာလည်း မဖြစ်သလောက်အေး နေ ခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၀၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား) မှာ တစ်တင်း ၂၈၀၀၀ ကျပ်ဖြင့် အဝင်ပါး လာသလို လက်ကျန်လည်းနည်းလာတာကြောင့် ဈေးပြန်မြင့် သွားတယ်လို့ သိရပါတယ်။ ဒေသတွင်း ပဲလှော်ဖိုသမားသာ အဝယ်ရှိပြီး၊ တစ်ရက်အိတ် ၁၅၀ ကျော် ပုံမှန်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲလွန်းဖြူသစ်များ ဈေးကွက်အတွင်းသို့ ယခုတစ်ပတ် စတင် ဝင်ရောက်လာခဲ့ပြီး၊ တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပါတယ်။ ရွှေတောင်၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ပြီး၊ လက်လီ သမားများသာ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
Background