Main menu

Background

အရည်အသွေးကျဆင်းလို့ ပြည်ပဲတီစိမ်းဈေးလျော့သွားခဲ့

Mon, 12/03/2012 - 04:34 -- Anonymous (not verified)

နိုဝင်ဘာနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းအသစ်များ အဝင် များလာခဲ့တာကြောင့် တစ်ရက် အိတ် ၆၀၀ ကျော်အထိ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ယခင်အပတ်က ရန်ကုန်၊ မန္တလေးလိုင်းသမားမျာ အဝယ်ရှိသလို ပဲဈေးမှာလည်း ထိပ်စတစ်တင်း ၂၁၅၀၀ ကျပ်၊ လတ်စတစ်တင်း ၂၀၅၀၀ ကျပ်နဲ့ ဈေးပေးဝယ်ယူခဲ့ကြပြီး၊ ယခုအပတ်မှာတော့ ပဲအရည်အသွေးလည်း ကျဆင်း တာကြောင့်တစ်တင်းထိပ်စ ၂၀၅၀၀ ကျပ်၊ အလတ်စ ၂၀၃၀၀ ကျပ်နဲ့သာ ဝယ်ယူ ခဲ့ကြပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်အေးပြီး၊ မန္တလေးလိုင်းသမားများ ဝယ်ယူမှု ပိုများလာတာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ၆၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း - ပြည်