နိုဝင်ဘာနောက်ဆုံးပတ်မှာ ပခုက္ကူကနေ ရန်ကုန်ကိုနှမ်း ၁၅၃၀ အိတ်၊ ပဲတီစိမ်း ၃၄၀၀ အိတ်၊ စားတော်ပဲ ၉၉ အိတ်နဲ့ ထောပတ်ပဲ ၃၈ အိတ် အပို့ရှိ နေတာကို တွေ့ရပါတယ်။ သယ်ယူခနှုန်းထားတွေအနေနဲ့ ကားဖြင့်တစ်ပိဿာ ၃၅ ကျပ်မှ ၄၀ ကျပ်အထိဖြစ်ပါတယ်။ ကုန်စည်ဒိုင်မှာလည်း အရောင်းအဝယ်အေးနေ တယ်လို့ပြောရမှာပါ။ ပဲစင်းငုံ၊ ပဲတီစိမ်းသေး၊ နှမ်းဝါ၊ ကုလားပဲဖြူလုံးကြီးဆိုတာတွေ အရောင်းအဝယ်ဖြစ်ပါတယ်။ အရောင်းအဝယ်ဖြစ်တယ်လို့ သာပြောရမှာပါ။ တစ် နေ့မှ အိတ် ၅၀ နဲ့ ၁၀၀ ကြားရောင်းကြဝယ်ကြတာကို တွေ့ရ ပါတယ်။ ပဲစင်းငုံ ဆိုရင်တစ်တင်း ၁၅၆၀၀ ကျပ်ထိ ဈေးတွေဆင်းနေပါတယ်။ ပစ္စည်းလက်ကျန် နည်းပါးမှုတွေ၊ ဈေးနှုန်းတွေဆက်လက်ကျဆ င်းနေတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သုံးသပ်ရမှာပါ။ အထူးသဖြင့် ပဲစင်းငုံဈေးတွေ ဆက်တိုက်ကျဆင်း နေတဲ့အတွက် မှန်းချက်နဲ့နှမ်းတွက်မကိုက်ကြလို့ ပဲစင်းငုံအမည် မခေါ်ချင်ကြဘဲ ပဲစိတ်ကုန်လို့ အမည်ပြောင်းခေါ်ချင်တယ်လို့ ပြောဆိုနေကြတာကိုလည်း ကြားသိ ရကြောင်းပါ။ မြင့်ဦး-ပခုက္ကူ
Background