Main menu

Background

နိုင်ငံအထက်ပိုင်းက အဝယ်အော်ဒါလျော့ကျတာကြောင့် အိန္ဒိယနနွင်းဈေး လျော့ကျ

Mon, 12/03/2012 - 04:54 -- Anonymous (not verified)

အိန္ဒိယနိုင်ငံအထက်ပိုင်းမှ အဝယ်အော်ဒါလျော့ကျ တာ ကြောင့် အိန္ဒိယနနွင်းဈေးက ဆက်ပြီးကျဆင်း နေပါတယ်။ ပြည်ပတင်ပို့သူတွေက ဈေးအနိမ့်နဲ့ အရည်အသွေးကောင်း နနွင်းအကန့်အသတ်သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ ဝယ် လိုအားနည်းတာကြောင့် ပြည်တွင်းကုန်သည်များက တင်ဒါ များကို ပမာဏနည်းနည်းသာ တင်သွင်း ကြတယ်လို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌမစ္စတာအာကေ ဗွီရာ ဗီရှန်ကာမှ ပြောကြားပါတယ်။ လက်ငင်းဈေးလျော့နည်းတာ ကြောင့် ဒီဇင်ဘာလအတွက်နနွင်း ကြိုပွိုင့်ဈေးမှာလည်း ဆက်ပြီး အေးနေတယ်လို့ သိရပါတယ်။

ဝယ်လိုအားနည်းပြီး၊ မှာယူမှုလျော့တဲ့အတွက် ကုန်သည် တွေက ဈေးအနိမ့်နဲ့ အကန့်အသတ်သာဝယ်ယူတယ်လို့ ဆိုပါ တယ်။ တောင်သူတွေကလည်း အိတ်အနည်းငယ်အတွက် သာ ဈေးနှုန်းအတည်ပြုပြီး၊ အလယ်အလတ်အဆင့် နနွင်းကို သယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ မြောက် ပိုင်းက အော်ဒါတွေ စောင့်နေခြင်းဖြစ်ပြီး၊ တကယ်လို့ ဒီဇင် ဘာလ၁၀ ရက်မတိုင်မီအဝယ်အော်ဒါမရှိရင်ဇန်နဝါရီ နောက် ဆုံးပတ်မှသာ အဝယ်သွက်လာနိုင်တယ်လို့လည်း ရာဗီရှန်ကာ မှ ဆိုပါတယ်။ တောင်သူတွေကတော့ ဈေးမြင့်တက်မယ်မှန်းပြီး၊ သို လှောင် ထားကြတယ်။ ပြည်ထောင်စုအစိုးရက အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၃၆) သတ်မှတ်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိ တောင်သူ တွေ လက်ထဲမှာ နနွင်းအိတ် သိန်း ၂၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ တချို့ကတော့အိမ်အသုံးစရိတ် ကာမိစေဖို့ လက် ရှိဈေးနဲ့ပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကို အရည်အသွေးကောင်းစပ်မျိုးနနွင်း ဝင် ရောက်ပေမယ့် ဝယ်လိုအားမရှိလို့ တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၉၁)ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည် များ ဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၈၀၉၀-၅၃၉၈၀ (ကန်ဒေါ်လာ ၆၉၂-၉၈၁)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၅၀(ကန်ဒေါ်လာ ၆၇၂-၈၇၉)ရှိကြောင်း   business  Line သတင်းအရ သိရပါတယ်။      ယမင်းခင်