ပြည်တွင်းကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း ဓာတ်ဆီ တန်ချိန် ၁၅၀၀ နဲ့ ဒီဇယ်တန်ချိန် ၂၄၃၅၄ ကို ပင်လယ်ရေကြောင်းလမ်းမှ တင် သွင်းရန် သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးက ဆက်တိုက်ဆိုသလိုမြင့်တက် လာပြီး ဒီဇယ်ဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေး နှုန်းများကတော့ ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ ၈၀၃ ကျပ်၊ ဒီဇယ် ၈၆၀ ကျပ်၊ အောက်တိန်း ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ ဈေးနှုန်းမှာ ဓာတ်ဆီ တစ်ဂါလန် ၅၀၀၀-၅၁၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးနှုန်းမှာ အပြောင်းအလဲ မရှိဘူးလို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာတော့ ဓာတ်ဆီဈေး ဈေးမြင့်လာ သလို ဒီဇယ်ဈေးလည်း အနည်းငယ်မြင့်လာတယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၃၈၀၀၊ ဒီဇယ် တစ်ဂါလန် ကျပ် ၃၉၀၀ ကျပ်နဲ့ရောင်းချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ကျပ် ၄၃၀၀-၄၄၀၀ ဖြစ်ပြီး ဒီဇယ် ကျပ် ၃၇၀၀- ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ေ ရာ ပြင်ပလက်လီဆိုင်ပါ ဈေးတွေငြိမ်နေတယ် လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်တို့နဲ့ ရောင်းချပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓါတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၃၉၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။MIRT (DOT)
နယ်စပ်မှ ဒီဇယ်ဆီအသွင်းပိုမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၉၈၇၆ ဂါလန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၉၀ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၅၁၄၃၆ ဂါလန်ကို အသွင်းရှိခဲ့ပါတယ်။ ဒီဇယ်ဆီတင်သွင်းမှုမှာတော့ မြန်မာ-ထိုင်းနယ်စပ်များမှသာ တင်သွင်းမှုရှိနေပါ တယ်။ ယခုအပတ် ဒီဇယ်ဆီများကို တာချီလိတ်နယ်မှ ၁၀၉၈၀၂ ဂါလန်နဲ့ မြိတ်နယ် စပ်မှ ၁၈၁၁၂၅ ဂါလန် အသီးသီးတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ခင်မိုးသူ