Main menu

Background

ငွေလဲနှုန်း တည်ငြိမ်လျက်ရှိ

Mon, 12/03/2012 - 05:05 -- Anonymous (not verified)

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းသည် ယခုအချိန်အထိ ငြိမ်သက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာငွေ လဲလှယ်နှုန်းသည် ငွေလဲစင်တာများတွင် အမေရိကန်တစ်ဒေါ်လာ လျှင် ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၄၉ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်တွင်လည်း ရောင်းဈေး ၈၄၆ ကျပ်၊ ဝယ်ဈေး ၈၅၀ ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ပြင်ပမှောင်ခိုဈေးကွက်တွင်လည်း ဝယ်ဈေး ၈၄၆ ကျပ်၊ ရောင်းဈေး  ၈၄၇ ကျပ်သာရှိခဲ့သည် ကို တွေ့ရသည်။ ပြင်ပငွေဈေးကွက်နှင့် စင်တာများရှိ ငွေ ဈေးကွက်မှာ များစွာကွာဟမှုမရှိခြင်းကြောင့် ငွေလဲနှုန်း တည်ငြိမ်နေခဲ့ကြောင်း သိရသည်။သိမ်ဖြူငွေလဲကောင်တာတွင် နိုဝင်ဘာ ၃၀ ရက်တွင် ဝယ်ဈေး ၈၄၅ ကျပ်၊ ရောင်းဈေး ၈၅၂ ကျပ်ရှိခဲ့ရာ ရောင်းဈေးမှာ ယခင်နေ့ကထက် အနည်းငယ်မြင့် တက်ခဲ့သည်ကို တွေ့ရသည်။  ပုဂ္ဂလိကဘဏ်များ ရှိ ငွေလဲစင်တာများ တွင် ဒေါ်လာ တစ်သောင်းအထိကို ရောင်းဝယ်သည်ဟုဆိုသော်လည်း နေ့စဉ်ရောင်းဝယ်မည့်ငွေ ပမာဏကို ကန့် သတ်ထားသဖြင့် ငွေလဲမည့် ပြည်သူများမှာ အခက်အခဲနှင့်ကြုံ တွေ့နေရကြောင်း သိရသည်။"ကျွန်မ ဟိုနေ့က ငွေလဲစင်တာတစ်ခုမှာ ငွေသွားလဲတာ  ဒေါ်လာ ၃၀၀၀ လဲတာကို ၁၀၀၀ ဖိုးပဲ လဲပေးလိုက်တယ်။ သူတို့သတ်မှတ်ထားတဲ့ ပမာဏ ပြည့် သွားလို့တဲ့။ အဲဒါနဲ့ နောက်နေ့မှ ကျန်တာကို နည်းနည်းချင်းစီ သွားလဲရတာ" ဟု မြောက်ဥက္ကလာမှ မမြင့်ဦးက ဆိုသည်။                   မယ်သီတာ