Main menu

Background

တန်ဆောင်တိုင်ပွဲတော်အပြီး ရွှေဈေး အနည်းငယ်သာ ကျဆင်းလာ

Mon, 12/03/2012 - 05:08 -- Anonymous (not verified)

မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော် အပြီးတွင် မြန်မာ့ရွှေဈေးသည် အနည်း ငယ်   ပြန်လည်ကျဆင်းလာသည် ကို တွေ့ရသည်။တန်ဆောင်တိုင်ပွဲတော် မတိုင်မီက မြန်မာ့ရွှေဈေးသည် ကျပ် ၇၈၀၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ တန်ဆောင်တိုင် ပွဲ တော်ကာလအပြီးတွင် ကျပ် ၇၇၃၈၀၀ သို့ ပြန်လည်ကျဆင်းလာခဲ့သည်။ နိုဝင် ဘာလကုန်ရက်တွင်မူ မြန်မာ့ရွှေဈေး သည် ကျပ် ၇၇၅၈၀၀ သို့ ပြန်လည်မြင့် တက်ခဲ့သည်။ သို့သော် နိုဝင်ဘာလ အတွင်းအမြင့်ဆုံးဈေးဖြစ်သည့် ကျပ် ၇၈၀၀၀၀ အောက်သို့သာ  ကျဆင်း ခဲ့သည်ကို တွေ့ရသည်။" မြန်မာ့ရွှေဈေးက  အတက်အကျ အခုလိုပဲဖြစ်နေဦးမှာပဲ။ နည်းနည်းပေါ့။ သိပ်အတက်အကျကြီးဖြစ်မှာ မဟုတ်ပါ ဘူး။ ကမ္ဘာ့ရွှေဈေးကိုလိုက်ပြီး ချိန်ညှိ နေတာဆိုတော့ ကမ္ဘာမှာ ဖြစ်ပျက်နေ တဲ့ စီးပွားရေးအခြေအနေတွေကို လိုက် ပြီး ရွှေဈေးက အတက်အကျဖြစ်နေ တာ။ အခုလည်း ကမ္ဘာ့ရွှေဈေးက နေ့ စဉ်လိုလို အတက်အကျ  ဖြစ်နေတာ။ ဒီမှာက ငွေလဲနှုန်းငြိမ်နေလို့သာ ရွှေဈေး က သိပ်အတက်အကျမရှိတာ။ ဒီတစ် ပတ်ထဲမှာဆိုရင် နိုဝင်ဘာလ ၂၆ ရက် က ဒီတစ်လရဲ့အမြင့်ဆုံးဈေးကို ရောက် သွားတာ။ ဒါကလည်း ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၇၄၉ ဒေါ်လာ အထိ ရောက်သွားတော့  မြန်မာ့ရွှေဈေးက လိုက်တက်တာပဲ။  ဒါပေမယ့်လည်း ခဏပဲလေ။ နောက်နှစ်ရက်ေ နတော့ ပြန်ကျသွားတာပဲ၊  အရောင်းအဝယ် ကတော့ပုံမှန်ရှိတယ်ဆိုပေမယ့် အဝယ် ထက် အရောင်းကပိုများ တယ်။ ရွှေဈေး နည်းနည်းကျတယ်ဆိုရင် ရောင်းတဲ့သူ တွေ များလာတာပဲ။ ဝယ်တဲ့သူက နည်း ပါတယ်" ဟု ရွှေကုန်သည်တစ်ဦးက ဆို သည်။ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး သည် နိုဝင်ဘာ ၂၆ ရက်က တစ် အောင်စလျှင် ၁၇၄၉ ဒေါ်လာဖြစ်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၁၇၂၁ ဒေါ် လာသို့ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင် ဘာ ၃၀ ရက်တွင် ၁၇၃၀ ဒေါ်လာသို့ အနည်းငယ် မြင့်တက်လာခဲ့သည်။မယ်သီတာ