Main menu

Background

ရေကြောင်းလမ်းမှ ဘိလပ်မြေ တန်ချိန် ခုနစ်သောင်းခွဲနီးပါးဝင်

Mon, 12/03/2012 - 05:15 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း ဘိလပ်မြေ ၇၄၀၆၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေအမျိုးအစားများမှာ စိန်တံဆိပ် တန် ချိန် ၁၀၆၀၀ ၊ ဆင်တံဆိပ် တန်ချိန် ၃၀၁၂၃  နဲ့ အခြားတံဆိပ်မျိုးစုံက တန်ချိန် ၄၃၉၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်က တန်ချိန် သုံးထောင်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။                                        MIRT (DOT)

 
နယ်စပ်စခန်းများမှ ဘိလပ်မြေ ၆၈၁ တန် ပိုမိုတင်သွင်းနိုင်ခဲ့နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကော့သောင်းနဲ့ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၇၉ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၇၀၆ တန်ကျော်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။  နယ်စပ်အလိုက် ဘိလပ်မြေ တင် သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၁၁၃၉ တန်ကျော်၊ ချင်းရွှေဟော်မှ တန် ၁၅၀၊ တာချီလိတ်မှ ၂၁၇၇ တန်၊ မြိတ်မှ ၈၁၀တန်နဲ့ ကော့သောင်းမှ ၄၃၀ တန် အသီး သီးဖြစ်ပါတယ်။                   ဆွေဆွေဝင်း
ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းပုံမှန်ရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ရှိနေပေမဲ့  ဘိလပ်မြေဈေးက အတက်အကျမရှိဘဲ ယခင်တစ်ပတ်ဈေးနဲ့ပဲ  အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက မြင်းခေါင်းဘိလပ်မြေ  ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေ တစ် အိတ်ကို ၄၆၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့  အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် ဈေးကွက်ထဲမှာ အေသုံးလုံး ဘိလပ်မြေက ဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ မြန်မာဆင်က တစ်ရာဝန်းကျင်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက အေသုံးလုံး ၅၆၀၀ ကျပ်၊ မြန်မာဆင် ၄၉၀၀ ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၉၀၀ ကျပ်၊ စိန် (ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်) က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဒီအပတ်ထဲ ပွဲတော်တွေ များနေတာကြောင့် ဈေးကွက် ထဲ အရောင်းအဝယ် က အေးသလို ဈေးကငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို  ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပေမဲ့ ဒီတစ်ပတ်မှာတော့ ဘိလပ်မြေဈေးက တစ်ရာဝန်းကျင် ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၅၄၀၀ ကျပ်၊ စိန်(ထိုင်း) ၅၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မှာတော့ ဘိလပ်မြေဈေးက ယခင်တစ် ပတ်ဈေးအတိုင်းပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာတော့ ဆင်ဘိလပ်မြေက ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ခြင်္သေ့ဘိလပ်မြေ  ၅၂၀၀ ကျပ်၊ စိန် (ထိုင်း) ၆၅၀၀  ကျပ် ၊ မြို့တော်ဘိလပ် မြေ ၄၉၀၀ ကျပ်၊ နဂါးဘိလပ်မြေ ၅၈၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                       MIRT (DOT)