Main menu

Background

နို့ဆီ တန် ခြောက်ရာကျော်နဲ့ နို့မှုန့် အဝင်ရှိ

Mon, 12/03/2012 - 05:18 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း နို့ဆီ ၆၂၂ ဒသမ ၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းကအဝင်မရှိခဲ့တာ တွေ့ရပါတယ်။

နို့မှုန့်က နယူးဇီလန်နိုင်ငံမှ  ၁၄၁ ဒသမ ၆ တန်၊ မလေးရှားနိုင်ငံမှ ၁၅ တန်နဲ့ စင်ကာပူနိုင်ငံမှ ၃ ဒသမ ၉၇၆ တန်အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့မှုန့်ကို နယူးဇီ လန်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။  ယခင်သီတင်းပတ်နို့မှုန့် အဝင်က တန်ချိန် ရှစ်ဆယ်ကျော်သာ ရှိခဲ့ပါတယ်။            MIRT (DOT)
 
နို့ဆီ၊ နို့စိမ်း အသွင်းရှိသီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိ  ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်နယ်စပ်များမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၆ သန်းတန်ဖိုးရှိ နို့ဆီ ၇၈ တန်ကျော် တင်သွင်းခဲ့ပါတယ်။ တင် သွင်းမှုတွေကတော့ ကော့သောင်းမှ နို့ဆီ ၇၂ တန်ကျော်နဲ့ မြိတ်မှ ၅ တန် ကျော်ဖြစ်ပါတယ်။ ကော့သောင်းနယ်စပ်စခန်းမှ ယခင် အပတ်ကအသွင်းမရှိခဲ့သော်လည်း ယခု အပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းတန်ဖိုးရှိတဲ့ နို့စိမ်း ၉၂ တန် ကိုလည်း အသွင်းရှိခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မှလည်း ကန် ဒေါ်လာ သုည ဒသမ ၁၀၀ သန်းတန် ဖိုးရှိ နို့မှုန့် ၃၅ တန် ကျော်ကိုလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်တင်ထွန်း