ပြည်ဈေးကွက်ကို နယ်ဘက်မှ နှမ်းအိတ်များ အဝင်နည်းသွားပြီး၊ ရန်ကုန် ဝယ်လက်များ အဝယ်ရှိလို့ နှမ်းဈေးမှာ ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လာတာ တွေ့ ရပါတယ်။ ပေါက်ခေါင်းနဲ့ ပေါင်း တည်ဘက်မှ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့်သာအဝင်ရှိလို့ ပြည်မြို့နယ် ရှိ ပွဲရုံများမှာလက်ကျန်ရှားပြီး ပစ္စည်း ပြတ် တာကြောင့် နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၄၀၀၀ ကျပ်နဲ့ နှမ်း နက် ၄၅ ပိဿာ တစ်အိတ်ကို ၁၀၅၀၀၀ ကျပ်ဈေးနဲ့ ယခင်အပတ် ထက် ဈေးအနည်းငယ်မြင့်တာ တွေ့ ရပါတယ်။
မြေပဲဆန်ဈေးမှာလည်း ယခင် အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ရန်ကုန်ဝယ်လက်များက အလုံးဆန် ကို အဝယ်ရှိလို့ တစ်နေ့မြေပဲဆန် အိတ် ၅၀၀ခန့် အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။ ဝေေ၀မင်း-ပြည်