Main menu

Background

ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု ပုံမှန်ရှိ

Mon, 12/03/2012 - 05:30 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက အပတ်စဉ် နှမ်းတန်ချိန် တစ်သောင်းကျော်နဲ့ ပုံမှန် တင်ပို့မှုရှိနေတာတွေ့ရ ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်အထိ တစ်ပတ်အတွင်း မှာလည်း ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့ကို တန်ချိန် ၁၁၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ နှမ်းစုစုပေါင်း တင်ပို့မှုအနေနဲ့ တန် ချိန် ၇၄၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၂၄ သန်းကျော်ရရှိလို့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု တန်ချိန် ၇၁၀၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန်ဒေါ်လာ သန်း ၁၀၀ နဲ့ ယှဉ်ရင် ပမာဏအားဖြင့် တန်ချိန် သုံးသောင်းခန့် ပိုမိုပြီး ရရှိတဲ့ဝင်ငွေမှာ ၂၄ သန်းကျော်ပို မိုကြောင်းသိရပါတယ်။ နှမ်းအပါအဝင်မြေပဲဆန်၊မြေပဲစတဲ့ ဆီထွက် သီးနှံတင်ပို့မှုမှ စုစုပေါင်းအနေနဲ့ လက်ရှိဘဏ္ဍာနှစ် အတွင်းမှာ တန်ချိန် တစ်သိန်း ကျော်မှ ကန်ဒေါ်လာ ၁၇၃ သန်းကျော်ရရှိကြောင်း သိရပါတယ်။ MIRT - MAPT