Main menu

Background

အမေရိကန်ဘဏ္ဍာရေး အခြေအနေယိုင်လာခြင်းကြောင့် မလေးရှား စားအုန်းဆီဈေး အနိမ့်နဲ့ပိတ်

Mon, 12/03/2012 - 05:42 -- Anonymous (not verified)

အမေရိကန် ဘဏ္ဍာရေး အခြေအနေယိုင်လာခြင်းက ကမ္ဘာ့စီးပွားရေး တိုး တက်မှုနဲ့ ကုန်စည်ဝယ်လိုအားကို အဟန့်အတားဖြစ်လာနိုင်ခြင်းတို့အပေါ် စိုးရိမ်မှု တွေရှိလာတဲ့အတွက် နိုဝင်ဘာလ ၂၈ ရက်မလေးရှားစားအုန်း ဆီကြိုပွိုင့်ဈေး လျော့ ကျခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ ဂရိအကြွေးပြဿနာ ဖြေရှင်းမှုက ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်သက်သာရာရစေခဲ့လို့ နိုဝင်ဘာလ ၂၇ ရက်မှာ သီတင်းတစ်ပတ်နီးပါး အတွင်း ဈေးအမြင့်ဆုံးဖြစ်ခဲ့ရာမှ အမေရိကန်ငွေကြေး အခြေ အနေတိုးတက်မှုမရှိခြင်းနဲ့ မလေးရှားစားအုန်းဆီ သိုလှောင်မှုက ယခုနှစ်မှာ စံချိန် သစ်တင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းခြင်းတွေကြောင့် ဈေးနှုန်းပြန်လည်လျော့ကျခဲ့ တာ ဖြစ်ပါတယ်။

ယခုတစ်ပတ်အတွင်း ဈေးကွက်ဆက်ပြီးအေးနိုင်တယ်လို့ စင်ကာပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါပေမယ့် ကာလရှည်မှာတော့ အရင်လနဲ့ ယှဉ်ရင် အခြေအနေကောင်းမွန်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘာစာမလေးရှားကုန်စည် ဒိုင်မှာ ဖေဖော်ဝါရီလအခြေခံစံနှုန်းစာချုပ်ဈေးက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၂၃၉၄ (ကန်ဒေါ်လာ ၇၈၄)ရှိကြောင်း သိရပါတယ်။ အောက်တိုဘာလမှာ ထုတ်လုပ်မှု မြင့်တက်လို့ မလေးရှား စားအုန်းဆီ သို လှောင်မှုကတန်ချိန် ၂ ဒသမ ၅၁ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ယခု လအထွက်လျော့လာနိုင်ခြင်းကြောင့် သိုလှောင်မှုများတဲ့အပေါ် ဖြစ်ပေါ်နေတဲ့ ဖိ အားများ လျော့ကျနိုင်ပေမယ့် လည်း ပြည်ပတင်ပို့ဖို့ ဝယ်လိုအားကတော့ သိုလှောင် ပမာဏ လျော့ကျအောင် မရှိသေးတဲ့အပေါ်တော့ စိုးရိမ်နေကြတယ်လို့ ကုန်သည် များက ဆိုပါတယ်။ ဥရောပကော်မရှင်က ရေရှည်တည်တံ့တဲ့ စားအုန်းဆီကဏ္ဍဆွေးနွေးပွဲအရ ဇီဝလောင်စာထောက်ပံ့မှု အတွက် ကန့်သတ်မှုကို စားအုန်းဆီ ထုတ်လုပ်သူများကို ခွင့်ပြုရေး လွန်ခဲ့တဲ့လမှာ ဆုံးဖြတ်ချက်တစ်ခုဆောင်ရွက် ခြင်းက စားအုန်းဆီ အတွက် ဥရောပဝယ်လိုအား ပိုမိုလာစေနိုင်တယ်လို့ ဆိုပါတယ်။ အခြားဈေးကွက် များမှာ ဘရင့်ရေနံ ဈေးကျဆင်းခဲ့သလို အမေရိကန်ငွေကြေးအခြေအနေ ယိုင်နဲ့ ခြင်းက အခြားအသီးအရွက်ဆီ ဈေးကွက် ကိုလည်း ကျဆင်းစေခဲ့ပါတယ်။ ဒီဇင်ဘာ လ ပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးက သုည ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂၀၁၃ မေလပဲပုပ်ဆီဈေးက သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။ယုဇန