မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးတန့်နေတယ်လို့ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၁၅ ကျပ်(တစ်တန်ကို ၆၂၁၅၇၅ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးသာရှိပြီး အရောင်းအဝယ်အေး နေတယ်လို့ သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကိုရန်ကုန်အဆွဲနည်း ပြီး မြို့ခံပဲခွဲစက်တွေသာ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၆၃ ကျပ်(တစ်တန်ကို ၅၈၉၇၃၁ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက် နဲ့ ဒေသတွင်းဆီကြိတ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက နှမ်းနီတစ်ပိဿာ ၁၉၁၁ ကျပ်၊ နှမ်းဖြူတစ်ပိဿာ ၂၀၅၆ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၅၅၆ ကျပ်နဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background