မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ကထိန်ပွဲတော်ကြောင့် ပဲ မျိုးစုံနှင့် နှမ်းမျိုးစုံအရောင်းအဝယ်ပုံမှန်ထက်စာရင် လျော့နည်းသွား တယ်လို့ ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်အဆွဲပါးပြီး မြို့ခံပဲခွဲစက်တွေ သာဝယ်အားအသင့်အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်) ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီ စိမ်းကြီး(ထိပ်စ)ကို တရုတ်အဆွဲအေးပြီး (လတ်စ)ကိုသာ ပုံမှန်အဆွဲ ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (လတ်စ)တစ် ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်း ငုံနီကတော့ အိတ်စပို့အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအား အေးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ် ပိဿာကို ၇၉၂ ကျပ်(တစ်တန်ကို ၄၈၅၀၁၂ ကျပ်) ဈေးနဲ့တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန် ဝယ်လက်ဝယ်အားပါးနေပြီး မြို့ခံစက်သမားတွေသာ ဝယ်အားအ ထိုက်အလျောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကလည်း ဒီကာလ မှာ ဈေကျတတ်တာမို့ ရောင်းလက်များကလည်း တက်ဈေးကိုစောင့် ရင်း အရောင်းနည်းသွားတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အ ရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၃၀ ကျပ် (တစ်တန်ကို ၅၀၈၂၈၃ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းဆီကြိတ်လုပ် ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အ ရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ ဆင်းသွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူ တစ်ပိဿာ ၁၉၃၃ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၁၈၀၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ ၂၂၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကိုအိတ် ၃၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background